Print
News and Activities
Hits: 5707

ထိုင်းနိုင်ငံ (အောက်တိုဘာလ ၂၄ ရက်၊ ၂၀၁၉ ခုနှစ်)

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းဥက္ကဌ ဦးမြသွင်၊ အကြံပေးပုဂ္ဂိုလ် Prof. Dr. ဒေါ်စန်းစန်းမြင့်အောင် (UCH Rector -Retired)၊ Head of Program ဦးဆန်းလင်းဦးတို့ အဖွဲ့သည် ထိုင်းနိုင်ငံ Khon Kaen University သို့ သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ သုတေသနလုပ်ငန်းများ၊ သင်တန်းများနှင့်ပညာတော်သင်ကျောင်းသားများစေလွှတ်ရေးဆိုင်ရာ ကိစ္စရပ်များညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

 

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းဥက္ကဌ ဦးမြသွင်၊ အကြံပေးပုဂ္ဂိုလ် Prof. Dr. ဒေါ်စန်းစန်းမြင့်အောင် (UCH Rector -Retired)၊ Head of Program ဦးဆန်းလင်းဦးတို့ အဖွဲ့သည် အောက်တိုဘာလ (၂၂) ရက်နေ့တွင် ရန်ကုန်မြို့မှထွက်ခွာခဲ့ကြပြီး ထိုင်းနိုင်ငံဘန်ကောက်မြို့မှတဆင့် Khon Kaen မြို့သို့ရောက်ရှိခဲ့ကြသည်။

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းဥက္ကဌ ဦးမြသွင်နှင့်အဖွဲ့သည် အောက်တိုဘာလ ၂၃ ရက်နေ့တွင် Khon Kaen University ၏ Assoc. Prof. Dr. Wingsa Laohasiriwong နှင့်အတူ Khon Kaen Sub-District Health Promotion Hospital တစ်ခုသို့ သွားရောက်ခဲ့ကြပြီး ကျန်းမာရေးစီမံချက်လုပ်ငန်းများအကြောင်းကြည့်ရှုလေ့လာခဲ့ကြသည်။ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းဥက္ကဌ ဦးမြသွင်နှင့်အဖွဲ့အား Khon Kaen Sub-District Health Promotion Hospital ၏ တာဝန်ရှိသူများက ၎င်းတို့လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် တိုင်းရင်းဆေးကုလုပ်ငန်းများ၊ ကာကွယ်ဆေးထိုးလုပ်ငန်းများ၊ သွားကျန်းမာရေးလုပ်ငန်းများ၊ ကျန်းမာရေးလုပ်သားများ၏အခန်းကဏ္ဍနှင့်ဆောင်ရွက်လုပ်ကိုင်မှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြပြီး မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဥက္ကဌ နှင့်အဖွဲ့ကလည်း မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းနှင့် ဆောင်ရွက်လုပ်ကိုင်လျက်ရှိသော ကျန်းမာရေးစီမံချက်လုပ်ငန်းများအကြောင်း ရှင်းလင်းခဲ့ကြသည်။ ထိုမှတစ်ဆင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းဥက္ကဌနှင့်အဖွဲ့သည် သူနာပြုကျောင်းသား ကျောင်းသူများမှဦးဆောင်၍ ဆောင်ရွက်လုပ်ကိုင်လျက်ရှိသည့် Elderly Healthcare center သက်ကြီးရွယ်အို ကျန်းမာရေးစောင့်ရှောက်မှုဌာနသို့ရောက်ရှိခဲ့ကြပြီး သက်ကြီးရွယ်အိုစောင့်ရှောက်မှုလုပ်ငန်းများအားကြည့်ရှုလေ့လာခဲ့ကြသည်။

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဥက္ကဌနှင့်အဖွဲ့သည် အောက်တိုဘာလ (၂၄) ရက်တွင် Khon Kaen University သို့ သွားရောက်ခဲ့ကြပြီး တက္ကသိုလ်တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းနှင့် Khon Kaen University တို့ ပူးပေါင်း၍ ကျန်းမာရေးသတင်းအချက်လက်မျှဝေရေး၊ သင်တန်းများပူးပေါင်းဖွင့်လှစ်နိုင်ရေး၊ ပညာတော်သင်ကျောင်းသားများနှင့် အလုပ်သင်ဝန်ထမ်းများ အပြန်အလှန်စေလွှတ်နိုင်ရေးနှင့် သုတေသနလုပ်ငန်းများပူးပေါင်းဆောင်ရွက်ရေး စသည့်ကိစ္စ
ရပ်များနှင့်ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးခဲ့ကြကာ သဘောတူညီချက်များရရှိခဲ့သည်။ ထို့နောက်မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းဥက္ကဌနှင့်အဖွဲ့အား Khon Kaen University တာဝန်ရှိသူများက တက္ကသိုလ်၏ပညာသင်ကြားမှုအခြေနေများ၊ Bachelor နှင့် Master Degree သင်တန်းသားများ၏ ပညာရေးဆောင်ရွက်မှုအခြေအနေများအားရှင်းလင်းပြသခဲ့ကြသည်။

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းဥက္ကဠ ဦးမြသွင်၊ အကြံပေးပုဂ္ဂိုလ် Prof. Dr. ဒေါ်စန်းစန်းမြင့်အောင် (UCH Rector -Retired)၊ Head of Program ဦးဆန်းလင်းဦးတို့ အဖွဲ့သည် အောက်တိုဘာလ (၂၅) ရက်နေ့တွင် ထိုင်းနိုင်ငံဘန်ကောက်မြို့မှတဆင့် ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိခဲ့ကြသည်။

ပြည်သူ့ကျန်းမာရေးဆိုင်ရာ သုတေသနပြုတက္ကသိုလ်တစ်ခုဖြစ်သော Khon Kaen Universityသည် လွန်ခဲ့သည့် ၁၉၆၆ ခုနှစ်ကတည်းက တည်ထောင်ခဲ့သောတက္ကသိုလ်တစ်ခုဖြစ်ပြီး ဒေသတွင်းနိုင်ငံများထဲတွင် နှစ်သက်တမ်းကြာရှည်ခိုင်မာပြီး ကျော်ကြားထင်ရှားသည့်တက္ကသိုလ်တစ်ခုဖြစ်သည်။

ပြန်ကြားရေး/မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း

Images Gallery

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းနှင့် Khon Kaen University တို့ပူးပေါင်း၍ ကျန်းမာရေး သတင်းအချက်အလက်မျှဝေရေး၊ သင်တန်းများပူးတွဲဖွင့်လှစ်နိုင်ရေး၊ ပညာတော်သင်ကျောင်းသားများနှင့် အလုပ်သင်ဝန်ထမ်းများ အပြန်အလှန်စေလွှတ်နိုင်ရေးနှင့် သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး စသည့်ကိစ္စရပ်များနှင့် ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးခဲ့ကြကာ သဘောတူညီချက်များရရှိခဲ့

  •   MHAA 2019
  • MHAA 2019
  • MHAA 2019
  • MHAA 2019
  •   MHAA 2019
  •   MHAA 2019
  •   MHAA 2019
  •   MHAA 2019
  •   MHAA 2019
  •   MHAA 2019
  •   MHAA 2019
  •   MHAA 20
  •   MHAA 2019
  •   MHAA 2019
  •   MHAA 2019