Print
News and Activities
Hits: 2132

ရန်ကုန် (နိုဝင်ဘာလ ၉ ရက်၊ ၂၀၁၉ ခုနှစ်)

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ "Operational Research Training" ခေါင်းစဉ်ဖြင့် (၄) ရက်တာ သင်တန်းတစ်ရပ်ကို မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) ရုံးတွင် နိုဝင်ဘာလ (၆) ရက်မှ (၉) ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

သုတေသနပြုခြင်း၏ အခြေခံသဘောတရားများကို သိရှိစေရန်၊ သုတေသနပြုလုပ်ရန် ရှုထောင့်သဘောတရားများနှင့် လုပ်ငန်းဆောင်ရွက်ပုံအဆင့်ဆင့်၏ သဘောတရားများကို ရှင်းလင်းစွာ နားလည်သဘောပေါက်စေရန်၊ သုတေသနပြုခြင်းမှတဆင့် စီမံကိန်းလုပ်ငန်းများ ထိရောက်အောင်မြင်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် (၄) ရက်တာ "Operational Research Training" အား ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

၎င်းသင်တန်းတွင် Prof. Dr. သန်းထွန်းစိန် (Director (Retired), Department of Medical Research) မှ Problem analysis Diagram/ Conceptual Framework ၊ Literature Review ၊ Research Objectives ၊ Study Design ၊ Data collection method and tools ၊ Developing proposal စသည့် ခေါင်းစဉ်များဖြင့် သုတသနပြုခြင်းဆိုင်ရာ သဘောတရားများအား ပို့ချရှင်းလင်းခဲ့သည်။

သင်တန်းတွင် သင်တန်းတက်ရောက်သူများမှ အုပ်စု (၃) ခုခွဲ၍ သက်ဆိုင်ရာခေါင်းစဉ်ဖြင့် ဆွေးနွေးခြင်း၊ (Developing proposal) Proposal ရေးသားတင်ပြခြင်းဆိုင်ရာ နည်းစနစ်များအလိုက် ဆောင်ရွက်လုပ်ကိုင်ပြီး ပြီးပြည့်စုံသည့် Proposal တစ်ခု ရေးသားတင်ပြခြင်း စသည့် ဆောင်ရွက်မှုများလုပ်ကိုင်ခဲ့ကြသည်။

သင်တန်းတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ သုတေသနဲ့အဖွဲ့ဝင်များ၊ စီမံချက်ဝန်ထမ်းများ စုစုပေါင်း (၂၀) ဦး တက်ရောက်ပါဝင်ခဲ့ကြသည်။

ပြန်ကြားရေး/ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း

Images Gallery

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ "Operational Research Training" ခေါင်းစဉ်ဖြင့် (၄) ရက်တာ သင်တန်းတစ်ရပ် ကျင်းပခဲ့

  •   မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ "Operational Research Training" ခေါင်းစဉ်ဖြင့် (၄) ရက်တာ သင်တန်းတစ်ရပ် ကျင်းပခဲ့