Print
News and Activities
Hits: 2576

ရန်ကုန် (ဒီဇင်ဘာလ ၁၀ ရက်၊ ၂၀၁၉ ခုနှစ်)

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ Annual Review Meeting (နှစ်ပတ်လည်လုပ်ငန်းစဉ်များ ပြန်လည်သုံးသပ်ခြင်း အစည်းအဝေး) ကို ဒီဇင်ဘာလ (၉) ရက်နှင့် (၁၀) ရက်တို့က ရန်ကုန်မြို့ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) ရုံး ဦးထွန်းကြည် ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ ၂၀၁၉ ခုနှစ်အတွင်း လုပ်ဆောင်ခဲ့သော လုပ်ငန်းစဉ်များမှ အတွေ့အကြုံများ၊ အလေ့အကျင့်ကောင်းများ နှင့် အခြေအနေအကြောင်းအရာအရပ်ရပ်တို့မှ သင်ခန်းစာများကို လုပ်ငန်းဆိုင်ရာအဖွဲ့ဝင်များကြား၊ သက်ဆိုင်ရာဝန်ထမ်းများကြားမျှဝေခြင်း၊ လုပ်ငန်းဆောင်ရွက်မှု အကြံပေးဖြစ်သူထံမှ ဆွေးနွေးအကြံဉာဏ်ရယူကြရန်နှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ နှစ်ပတ်လည်အစီရင်ခံစာ ထုတ်လုပ်နိုင်ရေးအတွက် ယခုကဲ့သို့ Annual Review Meeting (နှစ်ပတ်လည်လုပ်ငန်းစဉ်များ ပြန်လည်သုံးသပ်ခြင်း အစည်းအဝေး) ကို ကျင်းပခဲ့ခြင်းဖြစ်သည်။

ထို့အပြင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ ရည်ရွယ်ချက်များနှင့်အညီ အသင်းနှင့် စီမံချက်အလိုက် လုပ်ကိုင်ဆောင်ရွက်မှုများကို သုံးသပ်ရန်၊ Program Wide နှင့် Supportive Team တို့၏ နှစ်ပတ်လည် လုပ်ငန်းအောင်မြင်မှု များကို သုံးသပ်ရန် ယခုအစည်းအဝေးကို ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ Annual Review Meeting (နှစ်ပတ်လည်လုပ်ငန်းစဉ်များ ပြန်လည်သုံးသပ်ခြင်း အစည်းအဝေး) သို့ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းဥက္ကဋ္ဌ ဦးမြသွင်၊ အတွင်းရေးမှူးဦးဌေးအောင်၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း လုပ်ငန်းဆောင်ရွက်မှု အကြံပေးဖြစ်သူ ဒေါက်တာသန့်ဇင်၊ Program Director ဒေါက်တာ သရဖီအောင် ၊ Head of Program ဦးဆန်းလင်းဦး နှင့် စီမံချက်နှင့် သက်ဆိုင်ရာ ဌာနအလိုက် ဦးဆောင်သူများ ပါဝင်တက်ရောက်ခဲ့ကြသည်။

"မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းအနေနဲ့ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်တဲ့နေရာမှာ အခက်အခဲတွေ၊ အောင်မြင်မှုတွေ၊ လုပ်ငန်းဆိုင်ရာ အခြေအနေအရပ်အရပ်တို့ကို အချင်းချင်းဝေမျှပြီး သင်ခန်းစာတွေယူကြမယ်။ ဒီထက်ပိုပြီးကောင်အောင် ဆောင်ရွက်ကြဖို့ နည်းလမ်းတွေကို ဒီမှာဆွေးနွေး အဖြေရှာကြမယ်။ နောက်လာမယ့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေမှ ဒီထက်ပိုပြီး အကျိုးရလဒ်ရှိအောင်၊ အောင်မြင်အောင် ဆောင်ရွက်ကြဖို့ ရည်ရွယ်ပါတယ်" ဟု နှစ်ပတ်လည်လုပ်ငန်းစဉ်များ ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းဥက္ကဋ္ဌ ဦးမြသွင်မှ ယခုကဲ့သို့ အမှာစကားပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်း (၂) ရက်တာ နှစ်ပတ်လည်လုပ်ငန်းစဉ်များ ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးတွင် ယခုနှစ် (၂၀၁၉) ခုနှစ်အတွင်း ဗဟိုအသင်း၏ လုပ်ငန်းဆောင်တာများ၊ စီမံချက်များအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ လုပ်ငန်းဌာနအလိုက် လုပ်ကိုင်ဆောင်ရွက်မှုများကို သက်ဆိုင်ရာ အဖွဲ့ခေါင်းဆောင်များမှ ရှင်းလင်းခဲ့ကြပြီး တက်ရောက်သူများမှ ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

ပြန်ကြားရေး/ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း