Print
News and Activities
Hits: 1632

Access to Health Fund အထောက်အပံ့ဖြင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော Reaching Equitable Access to health through Local-empowerment (REAL Project_KSS Grant) ၏ Annual Review Meeting နှင့် Team Building Training တို့ကို ချောင်းသာကမ်းခြေရှိ Ayeyawady Hotel မှာ (၃) ရက်တာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

တစ်နှစ်တာအတွင်း ဆောင်ရွက်လုပ်ကိုင်ခဲ့သော လုပ်ငန်းစဉ်များအား သက်ဆိုင်ရာဌာနအလိုက် ပြန်လည်ဆွေးနွေးခြင်းသုံးသပ်ခြင်း၊ လုပ်ငန်းပိုင်းဆိုင်ရာ အချက်အလက်များနှင့် အတွေ့အကြုံများ ဖလှယ်ကြခြင်း၊ လုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲအတားအဆီးများအား စုပေါင်းဆွေးနွေးအဖြေရှာခြင်း၊ နောင်လာမည့် စီမံချက် ကာလများ အတွင်း လုပ်ငန်းပိုင်းဆိုင်ရာများ ပိုမိုထိရောက်အောင်မြင်စေရေးအ တွက်ရှေ့ဆက်ဆောင်ရွက်ကြမည့် လုပ်ငန်းဆိုင်ရာနည်းလမ်းများ၊ အစီအစဉ်များ ချမှတ်ခြင်း တို့ကို ဆောင်ရွက်ခဲ့ဲကြပါတယ်။

ထို့အပြင် Team Building Training ကို Better You by EMS မှ ဆရာမ အိမွန်စိုး မှ ဦးဆောင်ပို့ချပေးခဲ့ပါတယ်။ Team Building Training မှာ ဝန်ထမ်းများအချင်းချင်း ပိုမိုရင်းနီးစေရန် Social Game များ ကစားခြင်း၊ လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း၊ အကများကခြင်း စတဲ့လှုပ်ရှားများကို လုပ်ဆောင်ခဲ့ကြပါတယ်။

တစ်နှစ်တာအတွင်း အောင်မြင်မှု၊ အခက်အခဲတွေကို ပြန်လည်သုံးသပ်ရင်း တစ်နှစ်တာလုပ်ငန်းစဉ်များကို ပြန်လည် သုံးသပ်ခဲ့ကြပြီး နောက်တစ်နှစ်တာ အတွက် အားလုံးလက်တွဲညီညီ ပျော်ရွှင်စွာဖြင့် အကောင်းဆုံး ပြင်ဆင်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း Reaching Equitable Access to health through Local-empowerment (REAL Project_KSS Grant) ၏ Annual Review Meeting နှင့် Team Building Training ကို ဒီဇင်ဘာ (၁၁) ရက်မှ (၁၃) ရက်အထိ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။

Reaching Equitable Access to health through Local-empowerment (REAL Project_KSS Grant) စီမံချက်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှု ဖြင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း မှ Access to Health Fund ရန်ပုံငွေ အထောက်အပံ့ 1,204,038.74 USD-အမေရိကန်ဒေါ်လာ တစ်သန်းကျော် (မြန်မာကျပ်ငွေ ၁,၈၀၆,၀၅၈,၁၀၈.၃၅ - သိန်းပေါင်း တစ်သောင်းရှစ်ထောင်ကျော်) ဖြင့်၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ စီမံချက် ဝန်ထမ်းပေါင်း (၇၉) ယောက်ဖြင့် စတင်အကောင်အည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။

ကချင်၊ ရှမ်း (အရှေ့)၊ စစ်ကိုင်း စီမံချက် (၃) ခုမှ ၂၀၁၉ ခုနှစ် စီမံချက် ပထမ တစ်နှစ်တာ ပြန်လည်သုံးသပ်ချိန်အထိ တီဘီသံသယ လူနာပေါင်း (၇,၂၇၉) ယောက်၊ တီဘီဆေးသောက်ရသည့် လူနာပေါင်း (၁,၇၁၆) ယောက်၊ အရေးပေါ် သားဖွားမိခင် လူနာပေါင်း (၅၇၇) ယောက်၊ အရေးပေါ် ၅ နှစ်အောက် ကလေး လူနာပေါင်း (၄၇၃) ယောက်၊ မွေးကင်းစ ကလေး ပြုစုစောင့်ရှောက်ရေးသုံး ပစ္စည်း အထုပ်ပေါင်း (၄,၄၃၈) ထုပ်၊ ကျန်းမာရေး ပညာပေးပွဲ တက်ရောက်သူ (၂၈,၉၃၄) ယောက်တို့ကို စီမံချက် ရန်ပုံငွေဖြင့် ထောက်ပံ့ ပေးအပ်နိုင်ခဲ့ပါတယ်။

“လက်ရှိအချိန်ထိ ကျွန်တော်တို့ ကျန်းမာရေးမှူးအသင်းအနေနဲ့ စီမံချက်လုပ်ငန်းတွေ ဆောင်ရွက်ရခြင်းက ဝန်ကြီးဌာနက သွားချင်တဲ့ လမ်းကြောင်းအတိုင်း ဦးတည်အုပ်စုတွေအတွက် အခြေခံကျတဲ့ မရှိမဖြစ် ကျန်းမာရေး စောင့်ရှောက်မှု များ ကို ပေးနိုင်ဖို့ ပါဝင်အားဖြည့်တာဆိုတော့ အလိုအပ်ဆုံးသော လူထုဆီကို လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု တွေ ရောက်ရှိစေရေးပဲ ဖြစ်ပါတယ်။ ပထမ တစ်နှစ်တာကို ပြန်သုံးသပ်ရရင် ကျွန်တော်တို့အဖွဲ့အနေနဲ့ ရည်မှန်းချက်ကို ၈၀% အထက် ရောက်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။” ဟု တစ်နှစ်တာ စီမံချက်လုပ်ငန်းလုပ်ကိုင်ခဲ့မှု များနှင့် ပတ်သက်ပြီး စီမံချက် ဦးဆောင်သူ ဦးမျိုးချစ်မှ မှတ်ချက်ပြု ပြောကြားခဲ့ပါတယ်။

Images Gallery

Access to Health Fund အထောက်အပံ့ဖြင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော Reaching Equitable Access to health through Local-empowerment (REAL Project_KSS Grant) ၏ Annual Review Meeting နှင့် Team Building Training တို့ကို ချောင်းသာကမ်းခြေရှိ Ayeyawady Hotel မှာ (၃) ရက်တာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်

  •   MHAA 2020
  • MHAA 2020
  • MHAA 2020
  • MHAA 2020
  •   MHAA 2020
  •   MHAA 2020
  •   MHAA 2020
  •   MHAA 2020
  •   MHAA 2020
  •   MHAA 2020
  •   MHAA 2020
  •   MHAA 2020
  •   MHAA 2020
  •   MHAA 2020
  •   MHAA 2020
  •   MHAA 2020
  •   MHAA 2020
  •   MHAA 2020
  •   MHAA 2020
  •   MHAA 2020
  •   MHAA 2020
  •   MHAA 2020
  •   MHAA 2020
  •   MHAA 2020
  •   MHAA 2020
  •   MHAA 2020
  •   MHAA 2020