Print
News and Activities
Hits: 4047

(၁၄) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ညီလာခံကျင်းပ

ပြည်သူ့ကျန်းမာရေးလောက တိုးတက်ရေးအတွက် ကျန်းမာရေးမှူးအသင်းသည် နံပါတ် (၁) အရေးကြီးသော အဖွဲ့အစည်းကြီးတစ်ခုဖြစ်ပြီး ကျန်းမာရေးမှူးများ ပညာရေးနှင့် ရာထူးအခွင့်အလန်းတိုးတက်ရေးအတွက် ဝန်ကြီးဌာနမှ ဆောင်ရွက်လျှက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးမှပြောကြား

ကျန်းမာရေးမှူးများ၏ ကြိုးပမ်းမှုကြောင့် ကပ်ရောဂါများကို ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဂုဏ်ပြုပြောဆို

ရန်ကုန် (ဒီဇင်ဘာလ ၂၈ ရက်၊ ၂၀၁၉ ခုနှစ်)

(၁၄) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ညီလာခံဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ (၂၈) ရက်က ရန်ကုန်မြို့ သူနာပြုတက္ကသိုလ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အစိုးရ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးမှ သြဝါဒစကားမြွက်ကြားခဲ့ပြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ အမှာစကား ပြောကြားခဲ့သည်။

အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးမှ သြဝါဒစကားမြွက်ကြားရာတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းသည် ပြည်သူ့ကျန်းမာရေးလောက တိုးတက်ရေးအတွက် နံပါတ် (၁) အရေးကြီးသော အဖွဲ့ကြီးဖြစ်ပါကြောင်း၊ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ခြင်းဖြင့် ရောဂါဖြစ်ပွားမှုနှုန်းများ ကျဆင်းလာမည်ဖြစ်ပြီး ပြည်သူ့ကျန်းမာရေးကဏ္ဍတစ်ခုလုံးတိုးတက်လာခြင်းဖြင့် မြန်မာနိုင်ငံကျန်းမာရေးအဆင့်အတန်း မြှင့်မားလာမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ အင်အားကို အသုံးပြုကာ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ ပိုမိုတိုးတက်စေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ ရေးဆွဲချမှတ်ထားသော မဟာဗျူဟာ စီမံကိန်း (၂၀၁၉ - ၂၀၂၃) ကို ပြန်လည်သုံးသပ်မွမ်းမံပြီး လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်သွားကြစေလိုကြောင်း လမ်းညွှန်မှာကြားခဲ့သည်။

"Association တော်တော်များများရှိတယ် ရှိတဲ့အနက်မှ ပြည်သူ့ကျန်းမာရေးရဲ့ လက်မောင်းကြီးကတော့ ဒီအသင်းကြီးပဲဖြစ်တယ်ဆိုတာ ဆရာတို့သိစေချင်တယ်။ ပြည်သူ့ကျန်းမာရေးလောကတစ်ခုလုံး တိုးတက်ဖို့ဆိုရင် ဆရာတို့အသင်းကြီးက ကျွန်တော်တို့ရဲ့ နံပါတ်ဝမ်း (နံပါတ် - ၁) လက်မောင်းကြီးဖြစ်ပါတယ်။" ဟု ပြည်သူ့ကျန်းမာရေးကဏ္ဍတွင် ကျန်းမာရေးမှူးအသင်းက အခြေခံအကျဆုံး အရေးပါဆုံး အသင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယခုကဲ့သို့ပြောကြားခဲ့သည်။

ထို့အပြင် ကျန်းမာရေးမှူးတစ်ဦးသည် ကျန်းမာရေးမှူးရာထူးဖြင့်သာ ပင်စင်နားသွားရခြင်းမှာ မဖြစ်သင့်သည့် ကိစ္စဖြစ်ပြီး ကျန်းမာရေးမှူးများ၏ ပညာရေးနှင့် ရာထူးအခွင့်အလမ်းတိုးတက်ရေးတို့အတွက် ဝန်ကြီးဌာနအနေဖြင့် စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

" HA (ကျန်းမာရေးမှူး) တစ်ယောက်သည် HA (ကျန်းမာရေးမှူး) အဖြစ်နဲ့ ပင်စင်သွားလို့ မဖြစ်ပါဘူး၊ အနည်းဆုံးအရာရှိ အရာရှိကနေ အဆင့်ဆင့်တက်ဖို့ ကျွန်တော်တို့ ဆွဲထားပါတယ်။ ဒါက အဓိပ္ပါယ်မရှိဘူး။ စဝင်ကတည်းက HA (ကျန်းမာရေးမှူး) ပင်စင်သွားတော့လည်း HA (ကျန်းမာရေးမှူး) လုပ်လို့မရဘူး။ အရာရှိဖြစ်မယ်၊ ကြိုးစားရင် ကြိုးစားသလောက် ဖြစ်မယ်" ဟု ကျန်းမာရေးမှူးများ ရာထူးနှင့် ပညာရေးအခွင့်အလမ်းတိုးတက်ရေး
ကျန်းမာရေးဝန်ကြီးဌာနက ဆောင်ရွက်လျှက်ရှိကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမှာစကားပြောကြားရာတွင် ယခုညီလာခံမှ ကျန်းမာရေးမှူးတွေရဲ့ ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များကို ဖန်တီးနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ ကျန်းလက်နေပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ကျန်းမာရေးမှူးများ၏ အခန်းကဏ္ဍသည် အဓိက အရေးကြီးပါကြောင်း ကျန်းမာရေးမှူးများကို ဂုဏ်ပြုပြောကြားခဲ့သည်။

"ကျွန်တော့်အနေနဲ့ ဒီညီလာခံကြီးအပေါ်မှာ အားရဝမ်းသာဖြစ်မိပါတယ်။ ကျန်းမာရေးမှူးတွေကြားမှာ ကျန်းမာရေးမှူးတွေရဲ့ စွန့်လွှတ်အနစ်နာခံမှု၊ ကျန်းမာရေးမှူးတွေရဲ့ ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်တွေကို ဒီညီလာခံကြီးကနေ အများကြီး ဖန်တီးနိုင်လိမ့်မယ် ကြိုးပမ်းနိုင်လိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်။ ကျေးလက်နေပြည်သူတွေကို အဓိက ကျန်းမာရေးဝန်ဆောင်မှုပေးနေတာ ကျန်းမာရေးမှူးတွေပဲဖြစ်ပါတယ်။ ကျန်းမာရေးမှူးတွေသာမရှိရင် ပြည်သူတွေကြားမှာ ကျန်းမာရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်ဖို့ ခက်ခဲပါလိမ့်မယ်။ ဒါကြောင့် ပြည်သူလူထုကြားမှာ ကျန်းမာရေးမှူးတွေရဲ့ ကျိုးပမ်းအားထုတ်မှုဟာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဂုဏ်နဲ့ ကျန်းမာရေးဝန်ကြီးဌာနက ဆောင်ရွက်နေတဲ့ ပြည်သူ့ကျန်းမာရေးကဏ္ဍကို များစွာအကျိုးဖြစ်စေမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွင် ကျန်းမာရေးမှူးများ၏ အခန်းကဏ္ဍနှင့် ပတ်သက်ပြီး ဂုဏ်ပြုပြောကြားခဲ့သည်။

ထို့အပြင် အတိတ်ကာလတွင် ကျန်းမာရေးမှူးများ၏ ကြိုးပမ်းမှုကြောင့် ကပ်ရောဂါများကို ကျော်ဖြတ်နိုင်ခဲ့ကြောင်းကိုလည်း "အတိတ်မှာလဲ ကျန်းမာရေးမှူးတွေရဲ့ ကြိုးပမ်းဆောင်ရွက်မှုကြောင့် ကပ်ရောဂါအများကြီးကိုလည်း ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ ဖွံံ့ဖြိုးမှုနောက်ကျခဲ့ပါတယ်။ ကျွန်တော်တို့ ဆင်းရဲပါတယ်။ ကျွန်တော်တို့နိုင်ငံ ရှင်သန်ရပ်တည်နိုင်ရေးအတွက် ပြည့်သူ့ကြားမှာ ကျန်းမာရေးကဏ္ဍအရေးကြီးပါတယ်။ ပြည်သူလူထုတွေလိုလားသော ဒီအတွက် ကျေးလက်ပြည်သူတွေရဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေကို အများဆုံးဝန်ဆောင်မှုပေးခဲ့တဲ့ ကျန်းမာရေးမှူးတွေကို ကျွန်တော့်အနေနဲ့ ဂုဏ်ပြုပါတယ်" ဟု ဂုဏ်ပြုစကားပြောကြားခဲ့သည်။ ထို့အပြင် ကျန်းမာရေးမှူးဘဝကို ရွေးချယ်ခဲ့ကြသော ကျန်းမာရေးမှူးများကို လေးစားဂုဏ်ပြုပါကြောင်း ဝန်ကြီးချုပ်က ထပ်ဆင့် ဂုဏ်ပြုစကားပြောကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဥက္ကဋ္ဌ ဦးမြသွင်မှ ကျေးဇူးတင်စကားပြောကြားရာ (၁၄) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းညီလာခံဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပေးခြင်းအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် ကျန်းမာရေးဝန်ကြီးဌာနအရာရှိကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အစိုးရအဖွဲ့ဝင်များ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ နှင့် အစိုးရအဖွဲ့ဝင်များ၊ မိတ်ဖက်အဖွဲ့များမှ အကြီးအကဲများကို အထူး ကျေးဇူးတင်ပါကြောင်းပြောကြားခဲ့သည်။ ထို့နောက် ကျန်းမာရေးမှူးအသင်း၏ ဆောင်ရွက်လုပ်ကိုင်ခဲ့မှုများ၊ အောင်မြင်မှု ရရှိအခြေအနေများအား ပြောကြားရှင်းလင်းခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားမှုများကို ခံယူကာ ကျန်းမာရေးမှူးများအနေဖြင့် စည်းလုံးညီညွှတ်စွာဖြင့် ကျန်းမရေးလောက အောင်မြင်တိုးတက်စေရေး အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းဝင်များမှ ကျန်းမာရေးမှူးများအကြောင်း ဂုဏ်ပြုရေးစပ်ထားသော တေးသီချင်းဖြင့် တေးသရုပ်ဖော်တင်ဆက်ခဲ့ကြသည်

(၁၄) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ညီလာခံ ဖွင့်ပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်နှင့် ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင် တို့အား မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းစီမံချက်လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုအတွက် ဂုဏ်ပြုဆုများကို ပြည်ထောင်စုဝန်ကြီးက ပေးအပ်ခဲ့ပါသည်။

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ညီလာခံ ဖွင့်ပွဲအခမ်းအနားသို့ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌနှင့် နှီးနွှယ်အဖွဲ့ များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

(၁၄) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ညီလာခံကို (၂၀၁၉) ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်နှင့် (၂၉) ရက် နှစ် ရက်တာကျင်းပသွားမည်ဖြစ်ပြီး ညီလာခံမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ (၂၀၁၈-၂၀၁၉)၏ (၂) နှစ်တာကာလ လုပ်ငန်းဆောင်ရွက်မှုအစီအရင်ခံစာနှင့် ဘဏ္ဍာရေးအစီအရင်ခံစာတို့ တင်သွင်းခြင်း၊ မန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဖြစ်ကြသော ဥက္ကဌ၊ ဒုဥက္ကဌနှင့် အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် အဖွဲ့ဝင်များ ရွေးချယ်တင်မြှောက်ခြင်းနှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဖွဲ့စည်းပုံစည်းမျည်း (မူကြမ်း) (၂၀၁၉ခုနှစ်) တင်သွင်းခြင်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းသည် နိုင်ငံခြားသားဆရာဝန်များ တိုင်းပြည်မှ ထွက်ခွါပြီးနောက် ကျန်းမာရေးပညာရှင်ရှားပါးမှုအတွက် ကျေးလက်ဒေသ ကျန်းမာရေးစောင့်ရှောက်သူပညာရှင်များ ရရှိစေရေးအတွက် ၁၉၅၃ ခုနှစ် အစိုးရ ကျန်းမာရေး စီမံကိန်းနှင့်အတူ စတင်ပေါ်ပေါက်ခဲ့ပါသည်။

အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ရပ်အနေနှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းသည် နိုင်ငံတကာအလှူရှင် (၆) ဖွဲ့၊ မိတ်ဖက်အဖွဲ့အစည်း (၁၁) ဖွဲ့နှင့် ပူးပေါင်း၍ ပြည်နယ်နှင့်တိုင်း ဒေသကြီး (၁၀) ခုတွင် ကျန်းမာရေးစောင့်ရှောက်မှု စီမံချက် (၁၃) ခုကို ဝန်ထမ်းအင်အား (၅၈၅) ဦး ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသည်။ ထို့အပြင် မြန်မာနိုင်ငံကျန်းမာရေးမှူး အသင်းဝင်အင်အား (၆) ထောင်ကျော်ဖြင့် မြို့နယ်ပေါင်း (၃၀၇) မြို့နယ်တွင် အသင်းဖွဲ့စည်းထားနိုင်ပြီဖြစ်သည်။

ပြန်ကြားရေး/မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း

Images Gallery

(၁၄) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ညီလာခံကျင်းပ

  •   (၁၄) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ညီလာခံကျင်းပ