Print
News and Activities
Hits: 1359

ကချင်ပြည်နယ် (ဇန်နဝါရီလ ၁၃ ရက် ၂၀၂၀ခုနှစ်)

 

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် တွင် မြန်မာနိုင်ငံ ကျန်းမာရေးမှူး အသင်းမှ ၂၀၁၉ ခုနှစ်မှ စတင်၍ အကောင်ထည်ဖော်ဆောင်ရွက်လျက် ရှိသော "ဒေသစွမ်းအားဖြင့် သာတူညီမျှ ကျန်းမာရေးစောင့်‌ရှောက်မှု လက်လှမ်းမှီရရှိရေး စီမံချက် Reaching Equitable Access to health through Local-Empowerment (REAL) Project " မှ “Early Strategy Adoptive (ESA) Township” အဖြစ် မိုးမောက်မြို့နယ်တွင် ၂၀၂၀ ခုနှစ်၊ နှစ်ဆန်းပိုင်းမှစတင်၍ ပြောင်းလဲဆောင်ရွက်သွားမည့် စီမံချက်လုပ်ငန်းများအား မြို့နယ်အဆင့် အသိပေးဆွေးနွေးပွဲ ကျင်းပပြီးစီးခဲ့ပါသည်။

 ၎င်း အသိပေးဆွေးနွေးပွဲသို့ မြန်မာနိုင်ငံကျန်းမာရေး မှူး အသင်းမှ ဒုဥက္ကဥ (ဗဟို) ဦး‌ဌေးအောင် နှင့် ဦးမျိုးချစ် (Deputy Central Program Manager)၊ ဗန်းမော်ခရိုင် စီမံချက် မန်နေဂျာ ဦးအောင်မျိုးခိုင်၊ ပြည်သူ့လွှတ် တော် ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ မိုးမောက်မြို့နယ်မှ ကျန်းမာရေး ဦးစီးဌာနမှူး၊ မိုးမောက်မြို့နယ် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မိတ်ဖက်အဖွဲ့အစည်းများ နှင့် မိုးမောက်မြို့ နယ်မှ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ စီမံချက်ဝန်ထမ်းများ တက်ရောက်ခဲ့ပါသည်။

IMG 4759

အဆိုပါအသိပေးဆွေးနွေးပွဲတွင် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး နှင့် မိုးမောက်မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူး တို့မှ အသီးသီး အဖွင့်အမှာ စကား ပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း ဒု-ဥက္ကဌ (ဗဟို) ဦးဌေးအောင် မှ မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း၏ သမိုင်းကြောင်းနှင့် ရှေ့ဆက် လုပ်ဆောင်ဖွယ်ရာ များကို ရှင်းလင်းတင်ပြခဲ့ပါသည်။

IMG 4813

စီမံချက် မန်နေဂျာ ဦး အောင်မျိုးခိုင်မှ မိုးမောက်မြို့နယ် အတွင်းလုပ်ဆောင်နေသော "ဒေသစွမ်းအားဖြင့် သာတူညီမျှ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမှီရရှိရေးစီမံချက်" မှ ၂၀၂၀ တွင် ရှေ့ဆက်လုပ်ဆောင်မည့် စီမံချက်လုပ်ငန်းများနှင့် ၂၀၁၉ တစ်နှစ်တာအတွင်း ရန်ပုံငွေ ကျပ်သိန်းပေါင်း ၉၈၀ ကျော် အသုံးပြုပြီး ဆောင်ရွက်အောင်မြင်ခဲ့သောစီမံချက်လုပ်ငန်းများအား ရှင်းလင်းတင်ပြ ခဲ့ပါသည်။

IMG 48401

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းသည် ၂၀၁၉ ခုနှစ်မှစ၍ ကချင်ပြည်နယ်၊ ဗန်မော်ခရိုင် အတွင်းရှိ ဗန်းမော်၊ မိုးမောက်၊ မံစီ၊ ရွှေကူ မြို့ နယ်တို့တွင် ကျန်းမာရေးစောင့်ရှောက်မှုလက်လှမ်းမှီရ ရှိရေးရန်ပုံငွေ (Access to Health Fund) ၏ အထောက်အပံ့ဖြင့် စီမံချက်လုပ်ငန်းများ မြို့နယ် အနှံ့အပြား အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိခဲ့ရာ မှ ယခုနှစ် ၂၀၂၀ တွင် မိုးမောက်မြို့နယ်အား (Access to Health Fund) ၏ နည်းဗျူဟာသစ်နှင့် အညီ "Early Strategy Adopter (ESA)" အဖြစ်စတင်၍ အလိုအပ်ဆုံးသော ဦးတည်အုပ်စုများ ဖြစ်သည့် ထိခိုက်လွယ်သော လူအုပ်စုများ၊ ကျန်းမာရေး စောင့်ရှောက်မှု လက်ခံရရှိရန်ခက်ခဲသော ဝေးလံခေါင်ဖျား ဒေသများရှိလူအုပ်စုများနှင့် ဆင်းရဲချို့တဲ့သော လူအုပ်စုများသို့ အဓိကထား၍ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ရရှိစေရေးအတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းလုပ်ဆောင်သွားမည် ဖြစ်သည်၊၊

IMG 4853

အခမ်းအနားတက်ရောက်သူများမှ မေးမြန်းဆွေးနွေးချက်များကို စီမံချက် ဦးဆောင်သူ ဦးမျိုးချစ် (Deputy Central Program Manager) မှ ပြန်လည်တင်ပြဆွေးနွေးခဲ့ပါသည်။

အဆိုပါ အသိပေးဆွေးနွေးပွဲသည် ဇန်နဝါရီလ ၁၃ ရက် ၂၀၂၀ ခုနှစ် နံနက် ၉း၀၀ တွင် စတင်၍ နေ့လယ် ၁၂း၀၀ တွင် ပြီးစီးခဲ့ပါသည်။ အသိပေးဆွေးနွေးနွေးပွဲသို့ မြို့နယ်လွတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် အုပ်ချုပ်ရေးဦးစီးဌာနမှ တာ၀န်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ တာ၀န်ရှိပုဂ္ဂိုလ်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ မိတ်ဖက်အဖွဲ့အစည်းများ နှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ စီမံချက်ဝန်ထမ်းများ စုစုပေါင်း (၁၁၁) တက်ရောက်ခဲ့ပါသည်။

ပြန်ကြားရေး/ မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း