Print
News and Activities
Hits: 1549

 

စစ်ကိုင်း ( ဖေဖေါ်ဝါရီ ၃၊ ၂၀၂၀ခုနှစ် )

ဒေသစွမ်းအားဖြင့် သာတူညီမျှ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီ ရရှိရေး စီမံချက်(Reaching Equitable Access to health through local-empowerment(Real) Project ) ဖြင့် ဘက်စုံစေတနာ့ ဝန်ထမ်း (ICMV) မွမ်းမံသင်တန်းကို စစ်ကိုင်းတိုင်းဒေသကြီး ၊ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ ကုတင်(၂၀၀)ဆံ့ပြည်သူ့ဆေးရုံအတွင်းရှိ ရွှေဘိုခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တွင်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းတို့ ပူးပေါင်းပြီး ဖွင့်လှစ်ခဲ့သည်။

1

Photo- ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန

စေတနာ့ဝန်ထမ်းများအား စွမ်းရည်မြှင့်တက်စေရန်နှင့် Malaria Elimination လုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်နိုင်ရန် ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း စီမံချက် မန်နေဂျာ ဦးနိုင်သူရသင်မှ ပြောကြားခဲ့ပြီး၊ (Real) project sagaing ဆောင်ရွက်ခဲ့ပြီးသော လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြခဲ့သည်။

မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် Global Fund အထောက်အပံ့ဖြင့် ကလေး၊ကလေးဝ၊ မင်းကင်း၊ မော်လိုက်၊ ဖောင်းပြင်၊ တမူး၊ဟုမ္မလင်း၊ ခန္တီး၊ ပုလဲ၊ ကနီ၊တန့်ဆည်၊ ဘုတလင် ၊ ရေဦး၊ ယင်းမာပင်၊ မြောင်၊ဒီပဲယင်းမြို့နယ်များတွင်လည်းကောင်း Access to Health Fund အထောက်အပံ့ဖြင့် ရွှေဘို၊ခင်ဉီး၊ကျွန်းလှ၊ကသာ၊ကန့်ဘလူ၊ ချောင်းဉီး၊ဆာလင်းကြီး၊ အရာတော်၊ ဝက်လက်၊  မြင်းမူ မြို့နယ် စုစုပေါင်း (၂၆) မြို့နယ်ရှိ တီဘီတိုက်ဖျက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း ဒုဥက္ကဌ ဦးဌေးအောင်မှ ဖွင့်ပွဲအမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

“(REAL)projectသည်ယခင်က3MDGအထောက်အပံ့ဖြင့် ၂၀၁၄ ခုနှစ်မှ စတင်၍ ရွှေဘို၊ခင်ဉီး၊ကျွန်းလှ၊ကသာ၊ကန့်ဘလူ၊ ချောင်းဉီး၊ဆာလင်းကြီး၊ အရာတော်၊ ဝက်လက် စတဲ့ မြို့နယ် (၉) မြို့နယ်မှာ      စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ        မြင်းမူ မြို့နယ်ကို တိုးချဲ့ ကာ စုစုပေါင်း (၁၀) မြို့နယ်တွင် ၂၀၁၈ ခုနှစ် အထိ တီဘီတိုက်ဖျက်ရေးလုပ်ငန်းများကို ဆက်တိုက် ဆောင်ရွက်ခဲ့ပါတယ်။

ထူးခြားချက် အဖြစ် ယခင် ၂၀၁၄ မှ ၂၀၁၇ အထိ တီဘီတိုက်ဖျက်ရေး လုပ်ငန်းတစ်မျိုးတည်း ဦးစားပေး ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှစတင်၍  စေတနာ့ ဝန်ထမ်းအားလုံးကို ဘက်စုံစေတနာ့ ဝန်ထမ်း အဖြစ်သင်တန်းပေးခဲ့ပါတယ်။၂၀၁၈ခုနှစ် သင်တန်းပေးအ ပြီးမှာ တီဘီ၊အနာကြီး၊ဌက်ဖျား၊ဆင်ခြေထောက်၊သွေးလွန်းတုပ်ကွေး၊ ခုခံအားကျဆင်းမှု ကူးစက်ရောဂါနှင့် ကာလသားရောဂါ များကို မြို့နယ်ကျန်းမာရေး ဝန်ထမ်းများနှင့် လက်တွဲပြီး ကူညီ ဆောင်ရွက်ခဲ့ပါတယ်။ 

၂၀၁၉ ခုနှစ်မှာတော့ ACCESS TO Health FUND ဖြင့်ဆက်လက်ဆောင်ရွက်ခဲ့ပြီး  တိုင်း တီဘီ Program အတွက်လည်း TB Mobile Team တစ်သင်းစာ ထောက်ပံ့လျက်ရှိပါတယ်။၂၀၁၉ ခုနှစ်မှာတော့ မွမ်းမံသင်တန်းပေးခဲ့ခြင်းမရှိပဲ တစ်နှစ်ခြား ယခု ၂၀၂၀ ခုနှစ်မှာ တော့ သင်တန်း ပေးဖို စီစဉ်ခဲ့ပြီး ယခုလိုသင်တန်း ပေးနိုင်ခဲ့တာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဒုတိယ ဥက္ကဌ ဦးဌေးအောင်က အမှာစကားပြောခဲ့သည်။


ဘက်စုံစေတနာ့ဝန်ထမ်း (ICMV) မွမ်းမံသင်တန်းတွင် တီဘီ၊ ငှက်ဖျား၊ အနာကြီး၊ ဆင်ခြေထောက်၊ သွေးလွန်တုပ်ကွေး၊ခုခံအားကျဆင်းမှု ကူးစက်ရောဂါနှင့် ကာလသားရောဂါ များနှင့် ပတ်သက်သည့် သင်ခန်းစာများကို ၅ရက်တာပို့ချသင်ကြားသွားမည်ဖြစ်ပြီး သင်တန်းသားဦးရေမှာ စုစုပေါင်း (၆၃) ဦးရှိကြောင်း သိရသည်။

ဖေဖေါ်ဝါရီလအတွင်း ယခုကဲ့သို့ စေတနာ့ဝန်ထမ်း မွမ်းမံသင်တန်းများကို စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူ၊ ကသာ ၊ ချောင်းဦးနှင့် အရာတော်မြို့နယ်များတွင်လည်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြန်ကြားရေး/ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း