Print
News and Activities
Hits: 1675

ချောင်းဦးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး (ဖေဖော်ဝါရီ ၇ ရက် ၊ ၂၀၂၀ ခုနှစ်)


ဒေသစွမ်းအားဖြင့် သာတူညီမျှ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေး စီမံချက်၏ ဘက်စုံစေတနာ့ဝန်ထမ်း (ICMV) မွမ်းမံ သင်တန်း ကို စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်တွင် ဖေဖော်ဝါရီလ (၃) ရက်နေ့မှ (၇) ရက်နေ့အထိ (၅)ရက်တာ ကျင်းပပြုလုပ်ခဲ့သည်။

2


ယခုကဲ့သို့ NGO အသင်းအဖွဲ့များမှ ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍတွေမှာ ဝိုင်းဝန်းကူညီပေးနေတာဟာ ကျန်းမာရေး အဆင့်အတန်းတိုးတက်လာစေရန် တစ်ဖက်တစ်လမ်းမှ ကူညီပံပိုးနေခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံကျန်းမာရေး စောင့်ရှောက်မှု အခြေအနေများတွင် NGO များ၏ ပံ့ပိုးမှုမှာ များစွာအရေးပါကြောင်းနှင့် မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းအနေဖြင့် စေတနာ့ဝန်ထမ်းများအတွက် ယခုကဲ့သို့သင်တန်းများ ဆောင်ရွက်ပြီး ပြည်သူ့အကျိုးပြု ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်နေသည်များကိုလည်း ပြည်သူလူထုကိုယ်စား ကျေးဇူးတင်ရှိကြောင်း ချောင်းဦး မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ ဦးအောင်ဘော်မှ အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

3

4

ဆက်လက်၍ ဒေသစွမ်းအားဖြင့် သာတူညီမျှ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေးစီမံချက်အား စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၁၄ ခုနှစ်မှ စတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ၂၀၁၉ ခုနှစ် မှ ၂၀၂၀ ခုနှစ် စီမံချက်ကာလကို Access to Health Fund ၏ အထောက်အပံ့ဖြင့် ဘက်စုံကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသည်ဟု စီမံကိန်း၏ လက်ထောက်စီမံချက်မန်နေဂျာ ဦးကျော်ဇင်ထူးမှ စီမံကိန်းအကြောင်းကို ထည့်သွင်းရှင်းပြခဲ့သည်။

5

“၂၀၁၉ ခုနှစ် မှာတော့ သင်တန်းမပေးနိုင်ခဲ့ဘဲ လက်ရှိ ၂၀၂၀ခုနှစ် မှာ လူထုအခြေပြု ကျန်းမာရေး လုပ်ငန်းရဲ့ အဓိက လုပ်အားတွေဖြစ်တဲ့ စေတနာ့ဝန်ထမ်းများကို စွမ်းရည်မြှင့်တင်ဖို့ ရည်ရွယ်ပြီး ယခုသင်တန်းကို စီစဉ်ရခြင်း ဖြစ်ပါတယ်။ ရောဂါ နှိမ်နင်းရေး (ဒုတိုင်းဦးစီးမှူး)ရဲ့ လမ်းညွှန်မှုနဲ့ Malaria Elimination လုပ်ငန်းတွေမှာလည်း ပါဝင်လုပ်ကိုင်နိုင်ရန် စေတနာ့ဝန်ထမ်းများ၏ Capacity ကို ပိုမိုတိုးတက်စေဖို့ရည်ရွယ်ပါတယ်” ဟု ဖွင့်ပွဲအခမ်းအနားတွင် သင်တန်း၏ ရည်ရွယ်ချက်ကို ၎င်းက ပြောကြားခဲ့သည်။ သင်တန်းတွင် ချောင်းဦး၊ ဆားလင်းကြီး ၊ မြင်းမူမြို့နယ်များမှ သင်တန်းသားဦးရေ စုစုပေါင်း ၆၂ ဦးတက်ရောက်ခဲ့သည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး၊ မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း အတွင်းရေးမှူး၊ သက်ဆိုင်ရာ ရောဂါနှိမ်နှင်းရေး ဌာနခွဲများမှ တာဝန်ရှိ ဆရာ/ဆရာမများ၊ သင်တန်းဆရာများ နှင့် စေတနာ့ဝန်ထမ်းများ တက်ရောက်ဖွင့်လှစ်ခဲ့ကြသည်။

ပြန်ကြားရေး/မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း