တောင်ဒဂုံမြို့နယ် (ဖေဖော်ဝါရီလ ၄ ရက်၊ ၂၀၂၀ ခုနှစ်)
ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းတို့ပူးပေါင်းကာ Coronavirus (2019-nCoV) ကြိုတင်ကာကွယ်ထိန်းချုပ်ရေး ပညာပေး အခမ်းအနားကို ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်ရှိ အမက (၆) စာသင်ကျောင်းတွင် ပြုလုပ်ကျင်းပခဲ့ပါသည်။
၎င်းပညာပေးအခမ်းအနားကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၏ လမ်းညွှန်ချက်များ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၏ အားပေးကူညီမှုများဖြင့် ပြုလုပ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တောင်ဒဂုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီနှင့်အဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းဗဟို ဥက္ကဋ္ဌ ဦးမြသွင်၊ ရန်ကုန်တိုင်းဒေသကြီး မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဥက္ကဋ္ဌ ဦးထွန်းလှိုင်နှင့် အသင်းဝင်များ၊ တောင်ဒဂုံမြို့နယ် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ အမက (၆) မှ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ပါဝင်ခဲ့ကြသည်။
လက်ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကမ္ဘာ့နိုင်ငံအသီးသီးသို့ ကူးစက်ပြန့်နှံ့နေသော Coronavirus (2019-nCoV) နှင့် ပတ်သက်သော အချက်အလက်များကို မှန်မှန်ကန်ကန်သိရှိနိုင်စေရန်၊ ကျန်းမာရေးပညာပေးနည်းစနစ်များအတိုင်း လိုက်နာ၍ ရောဂါကူးစက်ခံရခြင်းမှ ကြိုတင်ကာကွယ်နိုင်စေရန်၊ ၎င်းရောဂါနှင့် ပတ်သက်သော သတင်းမှားများဖြန့်ချီနေမှုများရှိသည့်အတွက် သတင်းအချက်အလက်များ မှန်မှန်ကန်ကန် ရရှိနိုင်ရေးနှင့် ၎င်းရောဂါပိုး ကူးဆက်မခံရစေရန် အများပြည်သူများအနေဖြင့် နည်းစနစ်မှန်မှန်ဖြင့် စုပေါင်းတွန်းလှန်နိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ပညာပေးအခမ်းအနားကို ကျင်းပခဲ့ခြင်းဖြစ်သည်။
အခမ်းအနားတွင် တောင်ဒဂုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီမှ ဆရာ/ဆရာမများ၊ မိဘပြည်သူများ၊ ဆရာ/ဆရာမများအနေဖြင့် Coronavirus (2019-nCoV) ကူးစက်မခံရစေရန် သက်ဆိုင်ရာ ပညာရှင်များ၏ လမ်းညွှန်ပညာပေးချက်အတိုင်း အသိသတိရှိစွာဖြင့် တုန့်ပြန်ဆောင်ရွက်ကာ မိမိရပ်ကွက်/ပတ်ဝန်းကျင်မှ ပြည်သူများကိုလည်း လက်ဆင့်ကမ်းဝေမျှပြီး ရောဂါအန္တရာယ်မှ ကာကွယ်ကြရန် တိုက်တွန်းခဲ့သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်မှ Coronavirus (2019-nCoV) နှင့် ပတ်သက်ပြီး ရှင်းလင်းပညာပေးခဲ့ပြီး၊ ရောဂါကူးစက်ခံရခြင်းမရှိစေရန် လမ်းညွှန်ချက်များအား ရှင်းလင်းပြောပြခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းဥက္ကဋ္ဌ ဦးမြသွင်မှ ရောဂါပိုး အကြောင်းသိကောင်းစရာများ၊ ရောဂါကူးစက်ခံရမှုမရှိစေရန် ကြိုတင်ကာကွယ်ရေး နည်းစနစ်များနှင့် ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ ဝေမျှပေးခဲ့သည်။
ထို့အပြင် ပညာပေးအခမ်းအနား၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍လည်း "ကျွန်တော်တို့ ကျန်းမာရေးဝန်ကြီးဌာနက လူစုလူဝေးကို ရှောင်ရှားဖို့ လမ်းညွှန်ထားပါတယ်။ ဒါပေမယ့် ဒီကျောင်းမှာ ပြုလုပ်ရခြင်း အကြောင်းကတော့ အပြင်မှာ သတင်းအမှားတွေ၊ တုန့်ပြန်ဆောင်ရွက်မှု အမှားတွေ မပြန့်နှံ့နိုင်ဖို့ ဒီကျောင်းသား/သူတွေကနေတဆင့် မိဘပြည်တွေ၊ ပြီးတော့ ကိုယ့်ရပ်ကွက် ကိုယ့်ပတ်ဝန်းကျင်ကို လက်ဆင့်ကမ်းပြီး အသိပေးသွားကြဖို့ဖြစ်ပါတယ်။ ရပ်ကွက်တွေထဲမှာ စုစုရုံးရုံး ပညာပေးမှုတွေ လုပ်လို့မရတဲ့အတွက် ကျောင်းသားတွေဆီကနေ တဆင့် ပညာပေးရခြင်းဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။
ထို့နောက် တောင်ဒဂုံမြို့နယ် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် လက်ဆေးနည်းစနစ်များကို ကျောင်းသား/သူများနှင့် အတူ သရုပ်ပြပညာပေးခဲ့သည်။
၎င်းအခမ်းအနားတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဥက္ကဋ္ဌ ဦးမြသွင်မှ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနသို့ Coronavirus (2019-nCoV) ကြိုတင်ကာကွယ်ထိန်းချုပ်ရေး ပညာပေးလုပ်ငန်းများအတွက် ငွေကျပ် (၁၀) သိန်းပေးအပ်လှူးဒါန်းခဲ့သည်။
အခမ်းအနားအပြီးတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းဗဟို ဥက္ကဋ္ဌ ဦးမြသွင်၊ ရန်ကုန်တိုင်းဒေသကြီး မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဥက္ကဋ္ဌ ဦးထွန်းလှိုင်နှင့် အသင်းဝင်များ၊ တောင်ဒဂုံမြို့နယ် အမက (၆) မှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများသည် လဖ္ဘက်ရည်ဆိုင်များ၊ ကိုယ်ပိုင်ကျောင်းများ၊ ကားဂိတ်များတွင် Coronavirus (2019-nCoV) ကြိုတင်ကာကွယ်ထိန်းချုပ်ရေး ပညာပေးရှင်းလင်းခဲ့ပြီး ပညာပေး ပိုစတာများ လိုက်လံကပ်ခြင်း၊ လက်ကမ်းစာဆောင်များ ဝေငှခြင်းများ ဆောင်ရွက်ခဲ့သည်။
ပြန်ကြားရေး/ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း
Images Gallery
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးအား မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဗဟိုအမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးမြသွင်နှင့်အဖွဲ့ သွားရောက်တွေ့ဆုံ
-
MHAA 2020
-
MHAA 2020
-
MHAA 2020
-
MHAA 2020
-
MHAA 2020
-
MHAA 2020
-
MHAA 2020
-
MHAA 2020
-
MHAA 2020
-
MHAA 2020
-
MHAA 2020
-
MHAA 2020
-
MHAA 2020
-
MHAA 2020
-
MHAA 2020
-
MHAA 2020
-
MHAA 2020
-
MHAA 2020
-
MHAA 2020
-
MHAA 2020
-
MHAA 2020
-
MHAA 2020
-
MHAA 2020
-
MHAA 2020