Print
News and Activities
Hits: 2024

"အရင်က အိမ်သာဟာ အိမ်ထက်သာရမယ်ဆိုတဲ့ အသိမရှိခဲ့ဘူး အခုတော့ အိမ်သာဟာ အိမ်ထက်သာရမယ်ဆိုတဲ့ အသိကို တစ်ရွာလုံး တကယ်ဝင်သွားကြပြီ"
(ငဖဲမြို့နယ်၊ သာစည်ရွာမှ အမျိုးသမီးတစ်ဦး)

Unicef ၏ အထောက်အပံ့ဖြင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းသည် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းကာ (Promotion of Sanitation and Hygiene Practices through Community-Led Total Sanitation - CLTS Project) ကို မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်း၊ ပွင့်ဖြူ နှင့် ငဖဲမြို့နယ် တို့တွင် ၂၀၁၉ ခုနှစ် မေလမှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။

ဒီစီမံချက် ရဲ့ထူးခြားချက်က သက်ဆိုင်ရာ ဒေသခံပြည်သူတွေကို စည်းရုံးလှုံ့ဆော်ပြီး သူတို့အသိစိတ်ဓာတ်နဲ့ သူတို့ဘာသာ အောင်မြင်အောင် ဦးဆောင်စေခြင်းပဲ ဖြစ်ပါတယ်။

"ဒီစီမံချက်က အရမ်းကောင်းပါတယ်။ ကျွန်တော်တို့ကို သူတို့(စီမံချက်က) ဘာမှမပေးဘူး။ သူတို့ပေးတာ တစ်ခုပဲ။ ကျန်းမာရေး အသိပညာတွေကို ရင်ထဲရောက်အောင် လုပ်ပေးတာ။ ဒါကအကောင်းဆုံးပဲ ကျွန်တော်တို့ရင်ထဲမှာ တစ်သက်လုံး စွဲမြဲသွားတယ်။ ပတ်ဝန်းကျင်သန့်ရှင်းမှု၊ ကျန်းမာရေးနဲ့ ယင်လုံအိမ်သာ ဘယ်လို ဆက်စပ်မှုတွေကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်းသိခဲ့ရတယ်။ အဲ့နောက်မှ ကျွန်တော်တို့ တစ်ရွာလုံးတိုင်ပင် ဆုံးဖြတ်ပြီး ယင်လုံအိမ်သာတွေ ဆောက်လာကြတယ်။ အရင်က အိမ်သာ မရှိဘူးလားဆိုတော့ ရှိတယ်။ ဒါပေမယ့် ဒီစီမံချက်ဝင်ပြီးမှ ကျွန်တော်တို့ စနစ်တကျ ဖြစ်လာကြတယ်။ ယင်လုံ၊ အရှက်လုံ၊ အနံ့လုံ ဒါမျိုးတွေဖြစ်လာတယ်။ ဒီစီမံချက်က ယင်မလုံ/သန့်ရှင်းလုံခြုံမှုမရှိတဲ့ အိမ်သာ၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုနဲ့ လူမှုဖြစ်စဉ်ကို မြင်သာအောင် ဆက်စပ်ပြတယ်။ ပြီးတော့ ကိုယ့်အဖွဲ့အစည်းအတွက် ကိုယ်ကိုယ်တိုင်ကသာ ဦးဆောင် ဆောင်ရွက်ရမယ်ဆိုတဲ့ အသိပညာပေးတယ်။ ကျွန်တော်တို့ သိခဲ့ကြပါပြီ။"
(စလင်းမြို့နယ်၊ မြောင်းကောက်ကျေးရွာမှ ဒေသခံတစ်ဦး)

Unicef မှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ စီမံချက်အကြီးတန်းဦးဆောင်သူများသည် ဇန်နဝါရီလ နောက်ဆုံးအပတ်အတွင်းက မကွေးတိုင်းဒေသကြီးရှိ စလင်းမြို့နယ် နှင့် ငဖဲမြို့နယ်တို့၏ စီမံချက်ဆောင်ရွက်မှုအခြေအနေများသို့ လိုက်လံကြည့်ရှုခဲ့ကြပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ရာအိမ်မှူးများ၊ ကျေးရွာသူ ကျေးရွာသားများနှင့် တွေ့ဆုံ၍ စီမံချက်လုပ်ငန်းများနှင့် ပတ်သက်ပြီး မေးမြန်ဆွေးနွေးခဲ့ကြပါတယ်။

MHAA Image Gallery

  • Myanmar Health Assistant Association © MHAA