Print
News and Activities
Hits: 7081

 ရန်ကုန်၊ မတ်(၁၉) ၊ ၂၀၂၀ ခုနှစ်

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို)ဥက္ကဌ ဦးမြသွင် အပါအဝင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၊ ခရိုင်အ‌ထွေထွေ အုပ်ချုပ်ရေးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ မြို့နယ်လူမှုကူညီရေးအဖွဲ့ဝင်များ ၊မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးမှူးအသင်းဥက္ကဌ တို့ ပူးပေါင်းပါဝင်သော အဖွဲ့သည် ရန်ကုန်မြို့ရှိ လူဦးရေထူထပ်သော နေရာတစ်ခုဖြစ်သည့် တောင်ဒဂုံမြို့နယ်ရှိ YBS ကားမှတ်တိုင်တွင် မတ်လ ၁၉ရက်နေ့က Covid 19 ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

 

89804549 2759130310870534 3261836814440202240 n90160337 2759129974203901 3958609706762633216 n

ထို့အပြင်မော်တော်ယာဉ်များပေါ်တွင် လိုက်ပါစီးနှင်းလာသော ပြည်သူများအား Covid 19 ရောဂါကို ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Hand Gel များဖြင့် လက်ကို မကြာခဏဆေးပေးရန် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

90009926 2759129940870571 4923865892430807040 n90029130 2759130034203895 4489003387173470208 n

ပြန်ကြားရေး/မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း