Print
News and Activities
Hits: 1797

ရန်ကုန် (၂၀၂၀ ပြည့်နှစ် ၊ ဧပြီလ ၁ ရက်)

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း(၁၄)ကြိမ်မြောက် ညီလာခံတွင် ရွေးချယ်တင်မြောက်ခဲ့တဲ့ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့(၂၀၂၀-၂၀၂၁) ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဝမ်းမြောက်ဝမ်းသာ ကြိုဆို ဂုဏ်ပြုပါကြောင်း ဦးစွာပထမ ပြောကြားလိုပါတယ်။

 

91066841 3017767294952261 8560701519870033920 o
မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းဟာ မြန်မာနိုင်ငံရဲ့ (၇၀%)သော ကျေးလက်နေပြည်သူတွေရဲ့ ကျန်းမာရေးကို အဓိကစောင့်ရှောက်မှုပေးနေတဲ့ ကျန်းမာရေးမှူးများ၊ပြည်သူ့ကျန်းမာရေးကြီးကြပ်များကို ကိုယ်စားပြုတဲ့ အသင်းကြီးဖြစ်လို့ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ တိုးတက်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အမှန်တကယ် အားထားရမည့် အသင်းကြီးဖြစ်ပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနဲ့ ပြည်သူတွေရဲ့ ကျန်းမာရေးအဆင့်မြှင့်တင်ရေးနဲ့ ရောဂါကာကွယ်ရေးလုပ်ငန်းတွေကို ပြည်သူနဲ့အတူ အမှန်တကယ် ထဲထဲဝင်ဝင် လုပ်ကိုင်နေကြတဲ့ အခြေခံကျန်းမာရေးဝန်ထမ်းပညာရှင်များရဲ့ စွမ်းဆောင်ရည်မြင့်မားစေရေး အလုပ်အကိုင်အခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် လုပ်ငန်းခွင် တက်လမ်းတိုးတက်ရေးတို့အတွက် အထူးအာရုံစိုက် ဆောင်ရွက်ပေးလျက်ရှိပါတယ်။

ကျန်းမာရေးမှူးနဲ့ ပြည်သူ့ကျန်းမာရေးကြီးကြပ်များကို ဥပဒေနှင့်အညီ မှတ်ပုံတင်နိုင်ရေး၊ အရည်အသွေးထိန်းသိမ်းမြှင့်တင်နိုင်ရေး၊ ကိုယ်ကျင့်သိက္ခာနှင့်ဆိုင်သော စည်းမျဉ်းစည်းကမ်းများကို လိုက်နာစောင့်ထိန်းနိုင်ရေး၊ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ပညာရပ်များကို ခေတ်နှင့်အညီ စဉ်ဆက်မပြတ် လေ့လာဆည်းပူးနိုင်ရေး စတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျန်းမာရေးရေးမှူးကောင်စီဥပဒေပြဌာန်းနိုင်ဖို့ အမျိုးသားလွှတ်တော်မှာ အဆိုတင်သွင်းဆွေးနွေးထားပါတယ်။ မကြာခင်အချိန်အတွင်းမှာ ဥပဒေအတည်ပြုပြီးတာနဲ့ အသင်းကြီးအနေနဲ့ ပိုမိုခန့်ထည်စွာ ရပ်တည်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

91119622 3017767341618923 239082502742867968 o

သမိုင်းအစဉ်အလာကြီးမားခဲ့တဲ့ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းဟာ မိမိတို့နိုင်ငံမှာ ကျန်းမာရေးဆိုင်ရာ အရေးပေါ်ကိစ္စများ ကြုံလာတိုင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ အရန်အင်အားအဖြစ် အမြဲရပ်တည်ပူးပေါင်းဆောင်ရွက်ခဲ့ကြတာကို အထူးဝမ်းမြောက်ဂုဏ်ယူရပါတယ်။ ဝန်ကြီးဌာနအနေနဲ့လည်း မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းကြီး အဓွန့်ရှည်စွာ ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်ဖို့ လိုအပ်သလို ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။ အသင်းကြီးရဲ့(၂၀၁၉-၂၀၂၃) မဟာဗျူဟာစီမံကိန်းကိုလည်း ဝန်ကြီးဌာနရဲ့ သက်ဆိုင်ရာနှီးနွယ်ဌာနခွဲများနဲ့ ပူးပေါင်းပြီး ရည်မှန်းချက်တွေ ပြည့်မီအောင် အကောင်အထည်ဖော် ဆောင်ရွက်ပါရန် ဆန္ဒပြုပါတယ်။

91633675 3017767441618913 8115354685910548480 o

ယခုအသစ် ရွေးချယ်တင်မြောက်ခဲ့သည့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ (၂၀၂၀-၂၀၂၁) အနေဖြင့် " ခိုင်မာထက်သန်သော သန္နိဌာန်၊ သစ်လွင်သော စိတ်အားထက်သန်မှုများနှင့် ဟန်ချက်ညီစွာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်၍ အသင်းကြီး၏ တိုးတက်ရာ၊ တိုးတက်ကြောင်းနှင့် မြန်မာပြည်သူလူထုတစ်ရပ်လုံးအကျိုးအတွက် ကိုယ်စွမ်းညဏ်စွမ်း ရှိသမျှ မိမိတို့ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်သွားကြပါလို့" ဆန္ဒပြုလျက် ဂုဏ်ပြုဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ပါတယ်။


ဒေါက်တာမြင့်ထွေး
ပြည်ထောင်စုဝန်ကြီး
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန