Print
News and Activities
Hits: 2389
စစ်တွေ (ဧပြီလ ၂၈ ရက်၊ ၂၀၂၀ ခုနှစ်)
 
ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ COVID-19 ရောဂါ စောင့်ကြည့်ခံရသူများ၏ နှာခေါင်း၊ အာခေါင် တို့ဖတ်နမူနာများကို ရန်ကုန်မြို့ရှိ အမျိုးသားဓါတ်ခွဲမှုဆိုင်ရာဌာနသို့ ပို့ဆောင်ရန် ဧပြီလ (၂၀) ရက်နေ့ ညနေပိုင်းက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization) မော်တော်ယာဉ်နှင့် လိုက်ပါလာစဉ် ပစ်ခတ်တိုက်ခိုက်ခံရခြင်းကြောင့် သေနတ်ဒဏ်ရာရရှိ၍ စစ်တွေမြို့ အထွေထွေရောဂါကု ဆေးရုံတွင် တက်ရောက်ဆေးကုသခံယူနေသည့် ပြည်သူ့ကျန်းမာရေးကြီးကြပ် (၂) ဦးအောင်မျိုးဦးအား မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ သွားရောက်တွေ့ဆုံခဲ့ကြပါသည်။
ပြည်သူ့ကျန်းမာရေးကြီးကြပ် (၂) ဦးအောင်မျိုးဦးအား မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ရခိုင်ပြည်နယ်) ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ဧပြီလ (၂၈) ရက်တွင် သွားရောက်တွေ့ဆုံ အားပေးခဲ့ကြပြီး တွေ့ဆုံစဉ် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း(ဗဟို)မှ ထောက်ပံ့ငွေ (၃)သိန်း နှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း(ရခိုင်ပြည်နယ်)မှထောက်ပံ့ငွေ (၂)သိန်း စုစုပေါင်း (၅)သိန်းကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
 
ပြန်ကြားရေး/မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း