Print
News and Activities
Hits: 1406

ကလေး ( ဇွန်လ ၃ရက်နေ့၊ ၂၀၂၀ ခုနှစ်)

စေတနာ့ဝန်ထမ်းများအား ဆင့်ပွားသင်တန်းပေးခြင်း သင်တန်းကို စစ်ကိုင်းတိုင်းဒေသကြီး ၊ ကလေးမြို့ရှိ မြို့တော်ခန်းမတွင် ဇွန်လ (၃) ရက်နေ့က ပြုလုပ်ခဲ့သည်။

 

received 262861021732047

 

 မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း(ကလေးခရိုင်)သည် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ ခရိုင်   လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ကြက်ခြေနီအသင်း၊စေတနာ့ဝန်ထမ်းများအဖွဲ့တို့နှင့်အတူ                      ပူးပေါင်း၍ သင်တန်းပေးခဲ့သည်။

 

  ၎င်းသင်တန်းတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းအနေဖြင့် ရောဂါကာကွယ်ခြင်း နည်း              လမ်းများ အကြောင်း သင်တန်း ပို့ချပေးခဲ့သည်။

 သင်တန်းသား စုစုပေါင်း တစ်ထောင်ကျော်အား လေးသုတ်ခွဲ၍ သင်တန်းပေးခဲ့ပြီး သင်တန်းပြီးဆုံး   သည့်အချိန်တွင် စေတနာ့ဝန်ထမ်းများသည် Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ် ၊ ကုသခြင်းနှင့်   တုံ့ပြန်ခြင်းဆိုင်ရာ အခြေခံ အချက်အလက်များကို သိရှိပြီး ကျန်းမာရေးဝန်ထမ်းများကို ထိရောက်   သောပံ့ပိုးကူညီပေးနိုင်ရန်၊ Community Base Facility Quarantine (CBFQ) များသို့           ကျန်းမာရေးဝန်ထမ်းများ မရောက်ရှိသည့် အချိန်များတွင် ဆက်လက်ဆောင်ရွက်သွားနိုင်ရန်နှင့်       ပြည်သူလူထုကို ကျန်းမာရေးပညာပေးတတ်သွားစေရန် ရည်ရွယ်ကြောင်း သိရှိရသည်။