Print
News and Activities
Hits: 4217

ညောင်ဦး ( ဇွန်လ ၁၃ ရက်၊၂၀၂၀ ခုနှစ်)

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (မန္တလေးတိုင်းဒေသကြီး) မှ Covid-19 ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရေးအတွက် ညောင်ဦးမြို့နယ်၊စဉ့်ကူဈေးတွင် နှာခေါင်းစည်းများအခမဲ့ ဖြန့်ဝေခြင်း (Mask Campaign) ကို ဇွန်လ (၁၃) ရက်နေ့က ပြုလုပ်ခဲ့သည်။

103736476 2969651159818447 549902172420267582 n


အဆိုပါ Mask Campaign ကို မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ( မန္တလေးတိုင်းဒေသကြီး) ဥက္ကဌ ဦးလှဟန်၊ စဉ့်ကူကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးမောင်မောင်နိုင် နှင့် ကျန်းမာရေးဝန်ထမ်းများ၊ စဉ့်ကူအုပ်စု အုပ်ချုပ်ရေးမှူး နှင့်တာဝန်ရှိသူများ၊ဈေးတာဝန်ခံ များနှင့် တာဝန်ရှိသူများ ၊ Homemade Mask အလှူရှင် ဒေါ်ယဉ်ယဉ် ကိုယ်စား ကျန်းမာရေးမှူး ဦးတင်မောင်ချိုတို့ပူးပေါင်း၍ ညောင်ဦးမြို့နယ် ၊စဉ့်ကူဈေးတွင်း ဈေးသည်များ၊ဈေးဝယ်သူများနှင့် လမ်းသွားလမ်းလာပြည်သူများကို Homemade Mask အခု (၅၀၀) နှင့် Hand Gel (၅၀) ဝေငှခဲ့သည်။


ပြန်ကြားရေး / မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း

MHAA Image Gallery

  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA