Print
News and Activities
Hits: 1534

ညောင်လေးပင် ( ဇွန်လ ၁၃ ရက်၊ ၂၀၂၀ ခုနှစ်)

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ပဲခူးတိုင်းဒေသကြီး (အရှေ့) မှ Covid-19 ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းအတွက် ဆက်စပ်ပစ္စည်းများကို ဇွန်လ ၁၃ရက်နေ့တွင် ညောင်လေးပင်မြို့ရှိ ညောင်လေးပင်မြို့နယ်ဆေးရုံတွင် အခမ်းအနားဖြင့် ထောက်ပံ့လှူဒါန်းခဲ့သည်။

 

A20 80 1

အခမ်းအနားသို့ ညောင်လေးပင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သောင်းဒန်ဦး ၊မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) ဒုတိယဥက္ကဌ ဦးဌေးအောင် ၊မြန်မာနိုင်ငံကျန်းမာ‌ရေးမှူးအသင်း (ဗဟို) အတွင်းရေးမှူး ဦးဇော်နိုင် ၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) ဘဏ္ဍာရေးမှူး ဦးကိုကို၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ပဲခူးတိုင်းဒေသကြီး အရှေ့) ဥက္ကဌ ဦးမင်းသိန်း၊ညောင်လေးပင်မြို့နယ် မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း ဥက္ကဌ ဦးအောင်နိုင်ဦး နှင့် အဖွဲ့ဝင်များ ၂၀ ကျော်ခန့် တက်ရောက်ခဲ့ကြသည်။

A20 80 9A20 80 7

လှူဒါန်း‌ထောက်ပံ့‌သော ပစ္စည်းများကို မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း(ဗဟို) ဒုတိယဥက္ကဌ
ဦးဌေးအောင်နှင့် အဖွဲ့ဝင်များမှ ပေးအပ်ခဲ့ပြီး ညောင်လေးပင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သောင်းဒန်ဦး
မှ လက်ခံရယူကာ ဂုဏ်ပြုလွှာများအား ပြန်လည်ပေးအပ်ခဲ့သည်။

ပြန်ကြားရေး / မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း