Print
News and Activities
Hits: 1801

ချင်းပြည်နယ်( ဇူလိုင်လ ၈ ရက်နေ့၊ ၂၀၂၀ ခုနှစ်)

ချင်းပြည်နယ် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ လေးလပတ်အစည်းအဝေးကို ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ (ဟားခါးမြို့) တွင်
ဇူလိုင်လ ၈ ရက်နေ့က ပြုလုပ်ခဲ့သည်။

အစည်းအဝေးသို့ ချင်းပြည်နယ် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဥက္ကဌ နှင့် အတွင်းအရေးမှူးအပါအဝင် စုစုပေါင်း ၁၈ ဦးတက်ရောက်ခဲ့သည်။

106567190 3034057610044468 5786033037959804757 n

ပထမလေးလပတ်အတွင်း မြို့နယ်များမှ အသင်းလှုပ်ရှားမှု ဆောင်ရွက်နိုင်မှုများ မြို့နယ်အလိုက်တင်ပြခြင်း၊ ဗဟိုမှ ငွေကြေးနှင့် ထောက်ပံ့ပစ္စည်းများ ခွဲဝေအသုံးပြုမှု ဆန်းစစ်ခြင်း ၊ Covid-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွင် အသင်း၏ ဆောင်ရွက်ချက်များ၊ ပြည်နယ်အမှုဆောင်အဖွဲ့၏ လေးလပတ်ဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခဲ့ကြသည်။


အစည်းအဝေးတွင် Covid-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းအတွက် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများ၊ မြို့နယ်အလိုက် အသင်းရန်ပုံငွေ တိုးပွားစေရေး ၊ ပြည်နယ်တွင် အသင်းအဆောက်အဦးအတွက် မြေနေရာရရှိနိုင်ရေး ၊ ပြည်နယ်တွင်း သက်ကြီးကျန်းမာရေးမှူးများ မြို့နယ်အလိုက် စာရင်းပြုစုထောက်ပံ့ရန် ၊ ပုံမှန်အစည်းအဝေးကျင်းပနိုင်ရန် ဆွေးနွေးဆုံးဖြတ်ကြပါသည်။

ပြန်ကြားရေး/မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း

MHAA Image Gallery

  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA