Print
News and Activities
Hits: 1381

ရန်ကုန် (သြဂုတ်လ ၅ ရက်၊ ၂၀၂၀ ခုနှစ်)


အမျိုးသားအဆင့်သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုမူဝါဒနှင့် မဟာဗျူဟာများ အကောင်အထည်ဖော်နိုင်ရေးအတွက် Round Table Discussion (Online) ကို သြဂုတ်လ (၅) ရက်နေ့ နေ့လည်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း(ဗဟို) ဥက္ကဋ္ဌ ဦးမြသွင် ပါဝင်ဆွေးနွေးခဲ့သည်။

 

Aug20 01 01

အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးမှ အဖွင့်အမှာစကား ပြောကြား ဖွင့်လှစ်ပေးခဲ့သည်။

Zoom Video App အသုံးပြု၍ ပြုလုပ်သည့် ၎င်းဆွေးနွေးပွဲတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း(ဗဟို) ဥက္ကဋ္ဌ ဦးမြသွင်က ယခုအစိုးရသက်တမ်း ကျန်းမာရေးကဏ္ဍဆောင်ရွက်မှုများတွင် Tablet များအသုံးပြု၍ အချက်အလက်များမျှဝေသုံးစွဲခြင်း စနစ်ကိုဆန်းသစ်တီထွင်ခဲ့ခြင်းကြောင့် ရရှိခဲ့သော အကျိုးရလာဒ်ကောင်းများကို ထောက်ပြဝေမျှခဲ့ပြီး သုတေသနနှင့် ဆန်းသစ်တီထွင်မှုလုပ်ငန်းပိုင်းဆိုင်ရာ အကြောင်းအရာများကို အကြံပြု ဆွေးနွေးခဲ့ပါသည်။

အဆိုပါ Round Table Discussion (Online) တွင် ဝန်ကြီးဌာနများမှ အကြီးအကဲများ၊ ပညာရှင်များ၊ အသင်းအဖွဲ့များမှ အကြီးအကဲများ၊ ပညာရှင်များ ပါဝင်ဆွေးနွေးခဲ့ကြသည်။ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ဥပဒေအား ၂၀၁၈ ခုနှစ် ဇွန်လ (၂၅) ရက်က ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၂၂) ဖြင့် ပြဋ္ဌန်းခဲ့ပြီး ဥပဒေပါ ရည်ရွယ်ချက်များကို ဖော်ဆောင်ရန်အတွက် ဒုတိယသမ္မ (၁) ဦးဆောင်သော အမျိုးသား သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ကောင်စီအစည်းအဝေး (၁/၂၀၁၉) အား ၂၀၁၉ ခုနှစ် ဧပြီလ (၈) ရက်နေ့၌ ကျင်းပခဲ့သည်။

Aug20 01 02

မြန်မာနိုင်ငံအတွက် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ မူဝါဒနှင့် မဟာဗျူဟာများ ရေးဆွဲရာတွင် မြန်မာနိုင်ငံ၏ ဦးစားပေးနယ်ပယ်များဖြစ်သော လူမှုရေး/ကျန်းမာရေး၊ စွမ်းအင်၊ စိုက်ပျိုးရေး၊ သတင်းအချက်အလက်နည်းပညာနှင့် ကုန်ထုတ်လုပ်မှု တိုးတက်ရေးတို့တွင် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုတို့ဖြင့် အထောက်အပံ့ပေးနိုင်ရန်နှင့် အဆိုပါနယ်ပယ်အသီးသီး၏ တိကျသောအချက်အလက်များရရှိနိုင်ရန် Round Table Discussion (Online) ကျင်းပခြင်းဖြစ်သည်။

ပြန်ကြားရေး/ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း