Print
News and Activities
Hits: 1955

ကျောက်ဆည် (သြဂုတ်လ ၂၂ ရက်၊ ၂၀၂၀ ခုနှစ်)

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ကျောက်ဆည်ခရိုင်) အစည်းအဝေးကို သြဂုတ်လ ၂၂ရက် နံနက်ပိုင်းက မြစ်သားမြို့ ပြည်သူ့ကျန်းမာရေးအစည်းအဝေးခန်းမ၌ ကျင်းပရာ မြစ်သားမြို့ ကျန်းမာရေးမှူးအသင်းနာယက ဒေါက်တာစိန်ပို၊ ဗဟိုအသင်းနာယကဦးချစ်‌‌သောင်း၊ မန္တလေးတိုင်းဒေသကြီးကျန်းမာရေးမှူးအသင်းဥက္ကဌ ဦးလှဟန်၊‌ ကျောက်ဆည်ခရိုင်ကျန်းမာ‌ရေးမှူအသင်းဥက္ကဌ ဦးသိန်းလှိုင်နှင့် မြို့နယ်ဥက္ကဌများ၊ အသင်းသားများ၊ခရိုင်ကျန်းမာရေးကြီးကြပ်အသင်းမှဖိတ်ကြားထားသူများတက်ရောက်ကြသည်။

အခမ်းအနားတွင် မြစ်သားမြို့ ကျန်းမာရေးမှူးအသင်းနာယကများဖြစ်သည့် ဒေါက်တာစိန်ပိုနှင့် ဦးချစ်သောင်းတို့က ပြည်သူ့ကျန်းမာရေးလုပ်ငန်းများတိုးတက်‌‌စေရန် ကျန်းမာရေးအသင်းနှင့် ပူးပေါင်းဆောင်ရွက်မည့်အကြောင်း၊ ခရိုင်အစည်းအဝေးများကို မြို့နယ်များသို့ အလှည့်ကျဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် အခြားအသင်းပိုင်းဆိုင်ရာများ/ လုပ်ငန်းပိုင်းဆိုင်ရာများနှင့်ပတ်သက်ပြီး ဆွေးနွေးပြောကြားခဲ့ကြသည်။

ထို့နောက် ကျန်းမာရေးမှူးအသင်း (မန္တလေးတိုင်း)ဥက္ကဌ ဦးလှဟန်က ဗဟိုအသင်း၏ လုပ်ငန်းပိုင်းဆိုင်ရာ ဆောင်ရွက်လုပ်ကိုင်နေမှု အခြေအနေများအကြောင်း၊ တိုင်းအသင်း၏ရှေ့လုပ်ငန်းစဉ်များအကြောင်း၊ လက်ရှိအသင်းသားအင်အားနှင့် ရာသက်ပန်အသင်းဝင်ရောက်မှု့အခြေအနေများအကြောင်း ပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင်ကျန်းမာရေးမှူးအသင်းဥက္ကဌ ဦးသိန်းလှိုင်က ခရိုင်အသင်းအခြေအနေနှင့် အသင်းအင်အားအကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ခရိုင်ကျန်းမာရေး ကြီးကြပ်အသင်းမှ တက်ရောက်လာသောကိုယ်စားလှယ်များက ကြီးကြပ်အသင်းအခြေအနေ၊ လုပ်ငန်းပိုင်းဆိုင်ရာများနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြခဲ့ကြရာ
တက်ရောက်သူများမှ လုပ်ငန်းဆိုင်ရာကိစ္စရပ်များအကြောင်းကို သက်ဆိုင်ရာကဏ္ဍ အလိုက် အသီးသီးဆွေးနွေးခဲ့ကြသည်။