Print
News and Activities
Hits: 1504

မန္တလေး (သြဂုတ်လ ၂၃ ရက်၊ ၂၀၂၀ ခုနှစ်)

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (မန္တလေးတိုင်းဒေသကြီး) အလုပ်အမှုဆောင်အစည်းအဝေး(၂/၂၀၂၀)ကို သြဂုတ် (၂၃ ) ရက် နံနက်ပိုင်းက မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ပြည်သူ့ကျန်းမာရေးဌာနအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) ဥက္ကဌနှင့်အတွင်းရေးမှူး၊ တိုင်းနှင့် ခရိုင်ဥက္ကဌများ၊ တိုင်းအမှုဆောင်အဖွဲ့များ၊ အကြံပေးအဖွဲ့များ၊ လုပ်ငန်းဆောင်ရွက်ရေးအဖွဲ့များ၊ ပြန်ကြားရေးအဖွဲ့များစုစုပေါင်း (၂၃) ဦး တက်ရောက်ကြသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) နာယကကြီးဦးချစ်သောင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဗဟိုအသင်းဥက္ကဌ ဦးမြသွင်မှ ကျန်းမာရေးမှူးနှင့် ကြီးကြပ်အသင်းကောင်စီအကြောင်းနှင့် ဗဟိုအသင်းလုပ်ငန်းဆောင်ရွက်ချက်များအကြောင်းကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး အသင်းဥက္ကဌ ဦးလှဟန်မှ COVID-19 ကြိုတင်ကာကွယ်ရေးဆိုင်ရာလှုပ်ရှားမှုများအကြောင်း၊ အသက်၇၅နှစ်အထက် သက်ကြီးများစာရင်းစုဆောင်းမှုနှင့် အသင်းဝင်အင်အား အခြေအနေများအကြောင်းကိုလည်းကောင်း တက်ရောက်သူများအား ရှင်းလင်ပြောကြားကြသည်။

ထို့နောက်ခရိုင်ဥက္ကဌများနှင့် တက်ရောက်သူများမှ ရှေ့ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးကြကာ လုပ်ငန်းစဉ်(၄)ခုအား အတည်ပြုဆုံးဖြတ်ခဲ့ကြသည်။ အစည်းအဝေးအပြီးတွင် ဦးခင်သက်+ဒေါ်တင်တင် မိသားစုမှ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း(မန္တလေးတိုင်း‌ဒေကြီး) မြေနေရာဝယ်ယူနိုင်ရေး အလှူငွေကျပ်တစ်သိန်းလှူဒါန်းရာ တိုင်းဒေသကြီး ကျန်းမာရေးမှူးအသင်းဥက္ကဌ ဦးလှဟန်မှ လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့သည်။