Print
News and Activities
Hits: 1029
ဗန်းမော် (သြဂုတ်လ ၂၇ ရက်၊ ၂၀၂၀ခုနှစ်)
 
(၂၀၂၀) ပြည့်နှစ်အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် အထိမ်းအမှတ်အခမ်းအနားကို သြဂုတ်လ (၂၇) ရက်နေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ ကံကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့ကြသည်။
 
5Bhamo NPM Kan Gyi village 27 Aug 2020
အခမ်းအနားတွင် ဒု-ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသီသီခိုင်က အာဟာရနှင့်ပတ်သက်သည့် ကြယ်(၄)ပွင့်အကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး
ပြည်သူ့ကျန်းမာရေးဆရာမကြီး ဒေါ်ခင်စမ်းထွေးက မိခင်နို့စနစ်တကျတိုက်ကျွေး နည်းအကြောင်းကို နို့တိုက်မိခင်တစ်ဦးဖြင့် လက်တွေ့သရုပ်ပြရှင်းလင်းခဲ့ ပညာပေးခဲ့သည်။
 
ထို့နောက် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း စီမံချက်အရာရှိ ဦးဝေယံဇော်က ဒေသစွမ်းအားဖြင့်သာတူညီမျှကျန်းမာရေး စောင့်ရှောက်ရေးလက်လှမ်းမီရရှိရေး စီမံချက်ကို (၂၀၁၉) ဇန်နဝါရီလမှစ၍ စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ စီမံချက်တွင် မိခင်ကလေး စောင့်ရှောက်ရေးလုပ်ငန်း၊ အာဟာရဖွံဖြိုးရေးလုပ်ငန်း၊ ငှက်ဖျားရောဂါတိုက်ဖျက်ရေး၊ တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ပူပေါင်းဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ လုပ်ကိုင်ဆောင်ရွက်နေသော စီမံချက်လုပ်ငန်းများနှင့် ပတ်သက်ပြီး ပြောကြားခဲ့ပါသည်။
 
 
ထို့နောက်တက်ရောက်လာသည့် ကိုယ်ဝန်ဆောင်မိခင်များ ၊ မွေးကင်းစကလေးများနှင့် နှစ်နှစ်အောက်ကလေးမိခင်များကို အာဟာရနှင့်ပတ်သက်သည့်ကျန်းမာရေး ဗဟုသုတ မေးခွန်းများ မေးမြန်းဆွေးနွေးခြင်းကို ကျန်းမာရေးမှူး ဦးလဆမ်ဂမ် နှင့် အမျိုးသမီးကျန်းမာရေးဆရာမကြီးဒေါ်မိုးမိုးမြင့်တို့က ဦးဆောင်ဆွေးနွေးပြီး ဒု-ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး နှင့် သာဖွားဆရာမများက အာဟာရမျှတစွာချက်ပြုတ်နည်းကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြသည်။
 
အခမ်းအနားတွင် တက်ရောက်လာသူ ကိုယ်ဝန်ဆောင်များ မွေးကင်းစ ကလေးများနှင့် နှစ်နှစ်အောက်ကလေးမိခင်များကို မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဒေသစွမ်းအာဖြင့်သာတူညီမျှကျန်းမာရေး စောင့်ရှောက်ရေးလက်လှမ်းမီရရှိရေး စီမံချက် မှထောက်ပံ့သော(၁) အိုင်အိုဒင်းဆား၊ (၂)ဆီ၊ (၃) ဆပ်ပြာ၊ (၄) မတ်ခွက်တို့ကို လက်ဆောင်ပစ္စည်းများအဖြစ်ပေးအပ်ခဲ့သည်။

MHAA Image Gallery

  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA