Print
News and Activities
Hits: 2205
ညောင်ဦးမြို့နယ် (စက်တင်ဘာလ ၅ ရက်၊ ၂၀၂၀ ခုနှစ်)
 
လတ်တလော ဖြစ်ပွားနေသော COVID-19 ရောဂါကာကွယ်တားဆီးထိန်းချုပ်ရေးအတွက် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (မန္တလေးတိုင်း‌ဒေကြီး) နာယကဒေါက်တာ သန်းသန်းမြင့်(တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး)၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း(မန္တလေးတိုင်းဒေသကြီး)၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း(ညောင်ဦး)နှင့် ပြည်သူ့ကျန်းမာရေးကြီးကြပ်အသင်း(ညောင်ဦး) တို့ပူးပေါင်းပြီး နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေခြင်း (Masks Campaign)ကို စက်တင်ဘာလ(၅)ရက်နေ့ နံနက်ပိုင်းက ညောင်ဦးမြို့နယ်၊‌ တောင်ဇင်းအုပ်စု၊ ဗျတ္တဈေး၌ ပြုလုပ်ခဲ့သည်။
 
118692869 3439188876143432 3100348947349991104 n
အဆိုပါ Masks Campaignကို မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း(မန္တလေးတိုင်းဒေသကြီး)ဥက္ကဌ ဦးလှဟန်၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း(ညောင်ဦးခရိုင်)ဥက္ကဌ ဦး‌သန်းလင်းအောင်နှင့် အသင်းသူ/သားများ၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်အသင်း(ညောင်ဦး)ဥက္ကဌ ဦးဟိန်းထက်ဇော် နှင့်အသင်းသူ/သားများ၊ တောင်ဇင်းဗျတ္တဈေး တာဝန်ခံ ဦးကျော်စိုးနှင့် တာဝန်ရှိသူ တို့ပူးပေါင်း၍ ညောင်ဦးမြို့နယ်၊ ဗျတ္တဈေးတွင်း ဈေးသည်များ၊ ဈေးဝယ်သူများနှင့် လမ်းသွားလမ်းလာပြည်သူများကို Mask အခု(၁၅၀၀)၊ Hand Gel (၁၀၀)နှင့် လက်ကမ်းစာ‌‌ စောင်(၂၀၀) ဝေငှခဲ့သည်။
 
ပြန်ကြားရေး/မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း
 

MHAA Image Gallery

  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA