Print
News and Activities
Hits: 1761

ရန်ကုန် (နိုဝင်ဘာလ ၆ ရက်၊ ၂၀၂၀ ခုနှစ်)

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ ဆောင်ရွက်လုပ်ကိုင်နေသော ကျန်းမာရေး စီမံချက်လုပ်ငန်းများ၏ ၂၀၂၀ ခုနှစ် (၉) လ တာအတွင်း လုပ်ငန်းအောင်မြင်မှုများ ပြန်လည်သုံးသပ်ခြင်း Program Review Meeting အစည်းအဝေးကို နိုဝင်ဘာလ (၆) ရက်နေ့က Video Conference စနစ်ဖြင့် ပြုလုပ်ကျင်းပခဲ့ပါသည်။

 

၎င်း အစည်းအဝေးကို (၁) မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ကျန်းမာရေး စီမံချက်လုပ်ငန်းများ၏ ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလ (၉ လ တာ) အတွင်း ဆောင်ရွက်လုပ်ကိုင်ခဲ့မှုနှင့် လုပ်ငန်းအောင်မြင်မှုများ ပြန်လည်သုံးသပ်ရန် ၊ (၂)  လုပ်ငန်းဆောင်ရွက်မှု အခက်အခဲများ ကို လေ့လာသုံးသပ်ကာ လေ့လာမှတ်သားသင့်သည်များ၊ အရေးကြီး အချက်အလက်များကို စုဆောင်းပြီး ပြန်လည်တုန့်ပြန် ဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းအောင်မြင်မှုများ အရှိုန်အဟုန်မြင့်မားလာစေရန်  စသည့် ရည်ရွယ်ချက် နှစ်ခုဖြင့် ကျင်းပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဥက္ကဌ ဦးမြသွင်၊ ဒု-ဥက္ကဌ ဦးဌေးအောင်၊ အတွင်းရေးမှူး ဦးဇော်နိုင်၊ ဘဏ္ဍာရေးမှူး ဦးကိုကို၊ Program Director ဒေါက်တာ သရဖီအောင်၊ Head of Program ဦးဆန်းလင်းဦး နှင့် သက်ဆိုင်ရာ ဌာနအလိုက် အကြီးအကဲများ၊ စီမံချက်အကြီးအကဲများ တက်ရောက်ပါဝင်ခဲ့ကြပါသည်။

“ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ဆရာတို့ရဲ့  အများပြည်သူကျန်းမာရေး စောင့်ရှောက်မှု စီမံချက်တွေကို အရှိုန်အဟုန်နဲ့ ဆက်လက်အောင်မြင်စေချင်တယ်။ ဒီနှစ် အတွင်းမှာဆို COVID -19 ရောဂါဆိုးကြောင့် ဆရာတို့ရဲ့ စီမံချက်လုပ်ငန်းတွေ အနှောက်အယှက် ဖြစ်ခဲ့ရတယ်။ ဒါပေမယ့်လည်း ဆရာတို့ ဒီ COVID-19 ကမ္ဘာ့ ကပ်ရောဂါဆိုးကို နိုင်ငံတော် အစိုးရနဲ့ အများပြည်သူတွေ၊ အဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး အားကြိုးမာန်တက် ပါဝင်ဆောင်ရွက်လုပ်ကိုင်ပေးခဲ့တယ်။ ဒီရောဂါကပ်ဆိုးကို တွန်းလှန်ရင်းပဲ ဆရာတို့ရဲ့ လူမှုစီးပွားဘဝတွေကို ဖျက်စီးနေတဲ့ အခြားရောဂါကပ်ဆိုးတွေကာကွယ်ဖို့အတွက်လည်း အရှိုန်မပျက်ဆက်လက်အောင်မြင်အောင် လုပ်ကိုင်နိုင်ဖို့လိုပါတယ်” ဟု ကျန်းမာရေး စီမံချက်လုပ်ငန်းများ ဆက်လက်အောင်မြင်အောင် ကြိုးစားအားထုတ်ကြရန် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဥက္ကဌ ဦးမြသွင်မှ အဖွင့်အမှာ စကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ထို့နောက် Program Director ဒေါက်တာ သရဖီအောင်မှလည်း စီမံချက်လုပ်ငန်းများ၏ အခက်အခဲအခြေအနေများကို လေ့လာသုံးသပ်ပြီး စီမံချက်လုပ်ငန်းများ၏ အောင်မြင်မှုများ ပိုမိုတိုးတက်လာစေရန် လမ်းညွှန်ပြောကြားခဲ့သည်။

ထို့နောက် ဌာနအလိုက်အကြီးအကဲများ၊ စီမံချက်ဆိုင်ရာ အကြီးအကဲများက လုပ်ငန်းအလိုက် မျှော်မှန်းချက်များ၊ အခက်အခဲများနှင့် အောင်မြင်မှုများကို သုံးသပ်ဆွေးနွေးခဲ့ပြီး ဆုံးဖြတ်ချက်များနှင့် လုပ်ငန်းဆောင်ရွက်ရန် အစီအစဉ်များ ချမှတ်ခဲ့ပါသည်။

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ကျန်းမာရေး စီမံချက်လုပ်ငန်းများ၏ (၉) လ တာအတွင်း လုပ်ငန်းအောင်မြင်မှုများ ပြန်လည်သုံးသပ်ခြင်း Program Review Meeting အစည်းအဝေးကို ညနေ (၆) နာရီခန့် အချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

MHAA Image Gallery

  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA