Print
News and Activities
Hits: 851
ရန်ကုန် ( နိုဝင်ဘာလ ၁၂ ရက်၊ ၂၀၂၀ ခုနှစ်)
 
မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို)မှ ရန်ကုန်မြို့ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်တွင် ပြည်သူ့ကျန်းမာရေး မဟာဘွဲ့ (MPH) သင်တန်း တက်ရောက်သင်ကြားနေသော ကျောင်းသူ (၃) ဦးအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်ခဲ့ပါသည်။
 
၎င်းပညာသင်ထောက်ပံ့ကြေး ပေးအပ်ခြင်း အခမ်းအနားကို နိုဝင်ဘာလ (၁၂) ရက်နေ့ နေ့လည်ပိုင်းက မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) ရုံး ဆရာကြီး ဦးထွန်းကြည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံကျန်မာရေးမှူးအသင်း ဥက္ကဌ ဦးမြသွင်၊ ဒု-ဥက္ကဌ ဦးဌေးအောင်၊ အတွင်းရေးမှူး ဦးဇော်နိုင်၊ ဘဏ္ဍာရေးမှူး ဦးကိုကို၊ ရွေးချယ်တင်မြှောက်ပွဲ ကျင်းပရေးကော်မရှင် ဥက္ကဌ ဆရာမကြီး ဒေါ်စိန်ညွှန့် နှင့် ပြည်သူ့ကျန်းမာရေး မဟာဘွဲ့ (MPH) သင်တန်း တက်ရောက်သင်ကြားနေသော ကျောင်းသူ (၃) ဦး တို့ တက်ရောက်ပါဝင်ခဲ့ကြသည်။
124872742 3645640848831566 7781115733094120594 o
"ဆရာတို့ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းဟာ ကျန်းမာရေးစနစ် ဖွံ့ဖြိုးတိုးတက်ရေး ကျန်းမာရေးမှူးတွေရဲ့ ပညာရေးကဏ္ဍ၊ အလုပ်အကိုင် ရာထူးနေရာ တိုးတက်ရေးတို့အတွက် အမြဲတမ်း ကြိုးစားဆောင်ရွက်လျှက်ရှိပါတယ်။ ဒီအတွက် ကျန်းမာရေးဝန်ထမ်းတွေရဲ့ ပညာရေးတိုးတက်အောင် နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားလုပ်ကိုင်ဆောင်ရွက်လျှက်ရှိပါတယ်။ ဒီငွေကြေးထောက်ပံ့မှုအပြင် အခြားလိုအပ်တဲ့ ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍအသီးသီးမှာလည်း ဆရာတို့ တတ်နိုင်တဲ့ဘက်က ပံ့ပိုးကူညီသွားမှာပါ" ဟု မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဥက္ကဌ ဦးမြသွင်က ပညာသင်ထောက်ပံ့ကြေး ပေးအပ်ခြင်းအခမ်းအနားတွင် ပြောကြားခဲ့သည်။
 
မြန်မာနိုင်ငံကျန်းမာရေမှူးအသင်းအနေဖြင့် ကျန်းမာရေးစနစ် ဖွံ့ဖြိုးတိုးတက်ရေး ကျန်းမာရေးမှူးများ၏ ပညာသင်ကြားမှုနှင့် အလုပ်အကိုင်ဖွံ့ဖြိုးရေး စဉ်ဆက်မပြတ် အောင်မြင်ဖြစ်ထွန်းစေရေး အခန်းကဏ္ဍအလိုက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်း အသင်းဥက္ကဌက ပြောကြားခဲ့သည်။
124304125 3645640545498263 6565621301310091263 o
ထို့နောက် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဥက္ကဌ ဦးမြသွင်၊ ဒု-ဥက္ကဌ ဦးဌေးအောင်၊ ဘဏ္ဍာရေးမှူး ဦးကိုကိုတို့မှ ရန်ကုန်မြို့ ပြည်သူ့ကျန်းမာရေးတက္ကသိုလ် တွင် ပြည်သူ့ကျန်းမာရေး မဟာဘွဲ့ (MPH) သင်တန်း တက်ရောက်သင်ကြားနေကြသော ကျောင်းသူ (၃) ဦးအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်ခဲ့ပြီး၊ ရွေးချယ်တင်မြှောက်ပွဲ ကျင်းပရေးကော်မရှင် ဥက္ကဌ ဆရာမကြီး ဒေါ်စိန်ညွှန့် မှ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
 
ထို့နောက် ကျောင်းသူ (၃) ဦးမှ ပညာသင်ထောက်ပံ့ကြေး ပေးအပ်ခြင်းအတွက် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းနှင့် အကြီးအကဲများအား ကျေးဇူးတင်စကား အသီးသီး ပြောကြားခဲ့သည်။ "ငွေကြးထောက်ပံ့ခြင်းဆိုတာထက် အခုလို ဒီအသင်းကြီးက အားပေးတယ်၊ ကူညီဆောင်ရွက်ပေးတယ်၊ ပံ့ပိုးပေးတယ်ဆိုတာကိုက ကျွန်မတို့အတွက် အားဖြစ်ရပါတယ်" ဟု ကျောင်းသူတစ်ဦးက ဆိုသည်။
 
ထို့နောက် ပြည်သူ့ကျန်းမာရေး မဟာဘွဲ့ (MPH) သင်တန်း တက်ရောက်ပြီးစီးသွားသော ကျောင်းသူနှစ်ဦးမှ အသင်းရုံးတွင် မှတ်တမ်းတင်သိမ်းဆည်းထားနိုင်ရန်အတွက် ပေးပို့လှူဒါန်းလိုက်သည့် စာတမ်းနှစ်စောင်အား အတွင်းရေးမှူး ဦးဇော်နိုင်မှ လက်ခံရယူခဲ့သည်။
မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) မှ ယခု (၂၀၂၀) ခုနှစ် အတွင်း ကျောင်းသား/သူ (၈) ဦး အား စုစုပေါင်း ငွေကျပ် ၃,၁၅၀,၀၀၀/ကျပ် (သုံးဆယ်တစ်သိန်းငါးသောင်းကျပ်) ပညာသင်ထောက်ပံ့ကြေး ပေးအပ်ခဲ့ပြီးဖြစ်သည်။

MHAA Image Gallery

  • Myanmar Health Assistant Association © MHAA