Print
News and Activities
Hits: 454
ရန်ကုန် (နိုဝင်ဘာလ ၂၄ ရက်၊ ၂၀၂၀ ခုနှစ်)
 
COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကိုဆောင်ရွက်ရင်း COVID-19 ရောဂါကူးစက်ခံရပြီး ကွယ်လွန်ခဲ့သော ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးနေလင်းဦး၏ နေအိမ်သို့ မြန်မာနိုင်ငံကျန်မားရေးမှူးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ သွားရောက်၍ နာရေး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။
 
 
မြန်မာနိုင်ငံကျန်းမာရေးမှုးအသင်း (ဗဟို) မှ ဥက္ကဋ္ဌ ဦးမြသွင် ၊ အတွင်းရေးမှူး ဦးဇော်နိုင် ၊ ရန်ကုန်တိုင်းဒေသကြီး(အရှေ့+ တောင်)အသင်း ဒုတိယဥက္ကဋ္ဌ ဦးထွန်းလှိုင်နှင့် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးမှူး ဦးကျော်ကျော်စိုးတို့သည် ကျန်းမာရေးမှူး ဦးနေလင်းဦး၏ကျန်ရစ်သူ မိသားစုနေအိမ်သို့ သွားရောက်အားပေးနှစ်သိမ့်ခဲ့ကြပြီး တိုင်းနှင့်ပြည်နယ် အသီးသီးမှ ထပ်မံ၍ ပေးပို့ခဲ့ကြသော နာရေးထောက်ပံ့ငွေ ၂၃၂,၀၀၀ ( နှစ်သိန်းသုံးသောင်းနှစ်ထောင် ကျပ်)တိတိအား မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းဥက္ကဋ္ဌ ဦးမြသွင်မှ ပေးအပ်ခဲ့သည်။
 
ပထမအကြိမ်ထောက်ပံ့ပေးအပ်မှုဖြင့် နိုဝင်ဘာလ (၁၀) ရက်နေ့က အနယ်နယ်အရပ်ရပ်မှ ကျန်းမာရေးမှူး မိသားစုဝင်များနှင့် အလှူရှင်များမှ ထည့်ဝင်လှူဒါန်းကြသော နာရေးထောက်ပံငွေ ကျပ် ၁၄,၇၉၀,၅၀၀ (ကျပ်သိန်းပေါင်းတစ်ရာလေးဆယ့်ခုနှစ်သိန်းကိုးသောင်းငါးရာကျပ်)တိတိ နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျန်းမာရေးမှူးများနှင့် ကျန်းမာရေးဝန်ထမ်းမိသားစုများမှ ၁,၄၀၈,၀၀၀ ကျပ် (ကျပ်သိန်းပေါင်းတစ်ဆယ့်လေးသိန်းရှစ်ထောင်ကျပ်)တိတိကို ကျန်းမာရေးမှူး ဦးနေလင်းဦး မိသားစုသို့ထောက်ပံ့ပေးအပ်ခဲ့ပြီးယခုအကြိမ် ထောက်ပံ့လှူဒါန်းမှုမှာ ဒုတိယအကြိမ်မြောက်ဖြစ်ပါသည်။
Nov80 2020 4
ထို့နောက် အသက်(၇၅) နှစ်နှင့်အထက် သက်ကြီးကျန်းမာရေးမှူးများအား ဂါရဝပြုအလှူငွေအဖြစ် တာမွေမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကွယ်လွန်သူကျန်းမာရေးမှူး ဦးနေလင်းဦး၏ဇနီး ဒေါ်နန်းစော မှ အလှူငွေကျပ် ၁၀၀,၀၀၀ နှင့် ဦးနေလင်းဦး၏မိခင် ဒေါ်အေးမိ မှ အလှူငွေ ၅၀,၀၀၀ ကျပ် အား ပြန်လည်လှူဒါန်းကာ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း(ဗဟို) အတွင်းရေးမှူး ဦးဇော်နိုင်မှ လက်ခံရယူခဲ့သည်။
 
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဂျိုးဖြူကျေးလက်ကျန်းမာရေးဌာနမှ ကွယ်လွန်သူ ပြည်သူ့ကျန်းမာရေးကြီးကြပ် (၂) ဦးမျိုးမြင့်ဦး၏ နေအိမ်သို့ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း(ဗဟို) ဥက္ကဋ္ဌ ဦးမြသွင် နှင့်အဖွဲ့ သွားရောက်အားပေး နှစ်သိမ့်ခဲ့ကြပြီး တိုင်းနှင့်ပြည်နယ်အသီးသီးမှ ဒုတိယအကြိမ်မြောက် ထပ်မံ၍ ပေးပို့ခဲ့ကြသော နာရေးထောက်ပံ့ငွေ ၁၀၇,၀၀၀ (တစ်သိန်းခုနှစ်ထောင်)ကျပ်တိတိအား ပေးအပ်လှူဒါန်းခဲ့ကြသည်။
Nov80 2020 11
COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရင်း ရောဂါကူးစက်ခံရပြီး ကွယ်လွန်ခဲ့သော ပြည်သူ့ကျန်းမာရေးကြီးကြပ် (၂) ဦးမျိုးမြင့်ဦးမိသားစုထံသို့ အနယ်နယ်အရပ်မှ ကျန်းမာရေးမှူးများနှင့် အခြားကျန်းမာရေးဝန်ထမ်းတို့မှ ထောက်ပံ့ခဲ့ကြသော ကျပ် ၁,၆၈၀,၀၀၀ (ကျပ်သိန်းပေါင်းတစ်ဆယ့်ခြောက်သိန်းရှစ်သောင်းကျပ်)တိတိအား ပထမအကြိမ် ထောက်ပံ့ပေးအပ် ခဲ့ပြီးဖြစ်သည်။ ယခုထောက်ပံ့ပေးအပ်မှုမှာ ဒုတိယအကြိမ်ဖြစ်ပါသည်။