Print
News and Activities
Hits: 1855
ရန်ကုန် ( ဒီဇင်ဘာ ၂ ရက်နေ့ ၊၂၀၂၀ ခုနှစ်)
 
ရန်ကုန်တိုင်း‌ေဒသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းသို့ နှာခေါင်းစည်း Mask အခုရေ ( ၅၀၀၀၀) ကို ဒီဇင်ဘာလ (၁) ရက်နေ့ ၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ပေးအပ်လှူဒါန်းခဲ့ပြီး မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း (ဗဟို) ဥက္ကဌ ဦးမြသွင်မှ လက်ခံရယူခဲ့ပါသည်။

 127890361 3701450049917312 5729176532231374774 o

ထို့နောက် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသော Swab Team များ အထွေထွေအသုံးစရိတ်အတွက် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ လွန်ခဲ့သော ဖေဖော်ဝါရီလ (၄) ရက်နေ့က လှူဒါန်းငွေ ၁,၀၀၀,၀၀၀ကျပ် (ဆယ်သိန်းကျပ်) တိတိ လှူဒါန်းခဲ့မှုအပေါ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်မှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။
 
ပြန်ကြားရေး/မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း

MHAA Image Gallery

  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA