Print
News and Activities
Hits: 771
ရန်ကုန် ( ဒီဇင်ဘာ ၅ ၊ ၂၀၂၀ ခုနှစ် )
 
မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ရန်ကုန်တိုင်းဒေသကြီး ) တတိယလေးလပတ်အစည်းအဝေးကို ဒီဇင်ဘာလ ၅ရက်နေ့ ၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) ဆရာဦးထွန်းကြည် ခန်းမတွင် ပြုလုပ်ကျင်းပခဲ့သည်။

 111

အစည်းအဝေးကို မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း(ဗဟို) မှ ဥက္ကဌ ဦးမြသွင်၊ ဒုတိယဥက္ကဌ ဦးဌေးအောင် ၊ အတွင်းရေးမှူး ဦးဇော်နိုင်၊ ဘဏ္ဍာရေးမှူး ဦးကိုကို ၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဗဟိုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဆရာမကြီး ဒေါ်စိန်ညွှန့်နှင့် ရန်ကုန်တိုင်းဒေသကြီး တိုင်း THA ဆရာ ဦးကျော်ကျော်စိုး ၊ ရန်ကုန်တိုင်းဒေသကြီး ( အရှေ+တောင် ) အသင်း ဥက္ကဌ ၊ ရန်ကုန်တိုင်းဒေသကြီး (အနောက်+မြောက်) အသင်း ဥက္ကဌ တို့နှင့် မြို့နယ်မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဥက္ကဌများနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
 
ရှေးဦးစွာ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း( ဗဟို ) ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ အတွင်းရေးမှူး ၊ဘဏ္ဍာရေးမှူးတို့မှ အဖွင့်အမှာစကား ပြောကြားခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း Covid-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလှုပ်ရှားမှုများပြုလုပ်ခဲ့သည်များကို ပြန်လည်သုံးသပ်ကာ ဆွေးနွေးခဲ့ကြသည်။
ထို့နောက် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) ဥက္ကဌ ဦးမြသွင်မှ အသင်းဖွံ့ဖြိုးတိုးတက်မှုများ ဆက်လက်ဆောင်ရွက်ရန် အမှာစကားပြောကြားခဲ့သည်။
 
1111111
ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း သို့လှူဒါန်းခဲ့သော နှာခေါင်းစည်း Mask အခုရေ ငါးသောင်းကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ကျန်းမာရေးမှူးအသင်းများအား Mask Campaign များပြုလုပ်ရန် အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။
 
 
ထို့အပြင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဗဟိုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဆရာမကြီး ဒေါ်စိန်ညွန့်မှ Mask Campaign ပြုလုပ်ရန်အတွက် အစီအစဉ်အသေးစိတ်ကို ရှင်းလင်းပြောကြားခဲ့သည်။
 
 
ဆက်လက်၍ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ M&E Department မှ Central M&E Manager ဆရာ ဦးကျော်ထက်အောင်နှင့် ဦးဌေးမျိုးအောင်တို့မှ အစည်းအဝေးတက်ရောက်လာသူများအား ကွန်ပြူတာအခြေခံ သဘောတရားများ ရှင်းလင်းပြောကြားခဲ့သည်။
 
 
ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး တိုင်း THA ဆရာ ဦးကျော်ကျော်စိုး ၊ ရန်ကုန်တောင်ပိုင်းခရိုင် ဥက္ကဌ ဆရာ ဦးကြင်သိန်း ၊ ရန်ကုန်မြောက်ပိုင်းခရိုင်ဥက္ကဌ ဆရာဦးမြင့်ထွေး နှင့် တက်ရောက်လာသူများမှ အသင်းရှေ့လုပ်ငန်းစဉ်များနှင့် ပက်သက်၍ ဆွေးနွေးတင်ပြခဲ့ပြီး ဆွေးနွေးချက်များအား အတည်ပြုခြင်း နှင့် ဆုံးဖြတ်မှုများ ပြုလုပ်ခဲ့ကြသည်။
 
 
ပြန်ကြားရေး/မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း
 
 
 
 
 

MHAA Image Gallery

  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA