Print
News and Activities
Hits: 2642

ရခိုင်ပြည်နယ် ( ဒီဇင်ဘာလ ၁၆ ရက်၊ ၂၀၂၀ ခုနှစ်)

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ (၂၀၂၀) အထိမ်းအမှတ် အဖြစ် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ၏ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေးစီမံချက် ( ရမ်းဗြဲ ) မှ ကြီးမှူး၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန တို့နှင့်ပူးပေါင်းဆောင်ရွက်ကာ၂၀၂၀ခုနှစ် ၊ ဒီဇင်ဘာလ (၁၆)ရက်နေ့၊ ရမ်းဗြဲမြို့မဈေး တွင် လက်သန့်ဆေးရည်၊ နှာခေါင်းစည်း နှင့် မသန်စွမ်းသူအခွင့်အရေးများ ဆိုင်ရာ သဘောတူစာချုပ် (အိတ်ဆောင်) စာအုပ်များ ကို ဈေးဝယ်လာသော ပြည်သူလူထုများအား ပေးဝေခဲ့ပါသည်။

Dec20 200 1

အဆိုပါMaskCampaignသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့်အတူ မြို့နယ်ကျန်းမာရေးမှူးအဆင့်(၁) ၊ အမျိုးသမီးကျန်းမာရေးဆရာမ (၁)ဦး ၊ သားဖွားဆရာမ (၂) ဦး ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်း (၅) ဦး၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ ဝန်ထမ်း (၈) ဦး နှင့် မသန်စွမ်းသူကျား(၁) ဦး၊ မ(၁)ဦး စုစုပေါင်း (၂၀)ဦး တို့ ပူးပေါင်းပါဝင်ခဲ့ပါသည်။

ထို Campaign တွင် Mask ၄၅၀ ခု၊ Hand gel ၂၀၀ ml (၁၃၆) ခု၊ မသန်စွမ်းသူအခွင့်အရေးများ ဆိုင်ရာ သဘောတူ စာချုပ် (အိတ်ဆောင်) (၁၃၀) အုပ် ဝေငှ ခဲ့ပါသည်။

ပြန်ကြားရေး / မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း

MHAA Image Gallery

  • Myanmar Health Assistant Association © MHAA