Print
News and Activities
Hits: 857
ရန်ကုန် (ဒီဇင်ဘာလ ၁၇ ၊ ၂၀၂၀ ခုနှစ်)
 
မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းရှိ Access to Health Fund ၏ အထောက်အပံ့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော KSS grant ၏ Annual Review Meeting (2020) ကို ဒီဇင်ဘာလ (၁၇) ရက်နေ့တွင် virtual platform (အွန်လိုင်း) ဖြင့်ပြုလုပ်ခဲ့ပါသည်။
 

Dec20 202 1

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) ဥက္ကဌ ဦးမြသွင် ၊ အတွင်းရေးမှူး ဦးဇော်နိုင်၊ ဘဏ္ဍာရေးမှူး ဦးကိုကို၊ စီမံကိန်း ဒါရိုက်တာနှင့် စီမံကိန်းမန်နေဂျာများ၊ စီမံချက်မန်နေဂျာနှင့် စီမံချက်အရာရှိများ တက်ရောက်ခဲ့ကြပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စီမံချက်ဝန်ထမ်းများမှလည်း အွန်လိုင်းမှတစ်ဆင့် တက်ရောက်ကြကာ အစည်းအဝေးကို ပြုလုပ်ခဲ့ကြသည်။
၂၀၂၀ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း စီမံချက်ဝန်ထမ်းများနှင့် ကျန်းမာရေးမှူးအသင်းဝင်များ၏ ပူးပေါင်းဆောင်ရွက်ခဲ့မှုများ ၊ လုပ်ငန်းပြီးစီးမှုအခြေအနေများ၊အခက်အခဲများကို ဆွေးနွေးခဲ့ကြသည်။
 
မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) ဥက္ကဌ ဦးမြသွင်မှ အသင်းရှိ စီမံကိန်းအပြောင်းအလဲများကို အသင်းဝင်များနှင့် စီမံချက်ဝန်ထမ်းများအား အသိပေးပြောကြားခဲ့ပြီး ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းရပ်များကိုလည်း အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
 
ထို့အပြင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း(ဗဟို) အတွင်းရေးမှူး ဦးဇော်နိုင်မှ စီမံချက်ဝန်ထမ်းများနှင့် အသင်းဝင်ကျန်းမာရေးမှူးများအနေဖြင့် အသင်းအပေါ်အထင်အမြင်လွဲမှားစေနိုင်သည့် အရေးအသားများကို လူမှုကွန်ရက်ပေါ်တွင် ရေးသားနေမှုများအား ဆင်ခြင်သတိပြုရှောင်ရှားကြပါရန် အသိပေးပြောကြားခဲ့သည်။
ထို့နောက် စီမံကိန်းနှင့်စီမံချက်ဝန်ထမ်းများမှ စီမံကိန်း၏ လက်ရှိအခြေအနေနှင့် အောင်မြင်မှုများ၊ စီမံချက်၏ လုပ်ငန်းအောင်မြင်မှုများ၊ အခက်အခဲအတားအဆီးများ နှင့် အခြားစီမံချက်လုပ်ငန်းပိုင်းဆိုင်ရာကိစ္စရပ်များကို ဆက်လက်ဆွေးနွေးခဲ့ကြသည်။
 
ပြန်ကြားရေး / မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း