Print
News and Activities
Hits: 1919
ရန်ကုန် ( ဒီဇင်ဘာလ ၂၂ ရက်နေ့ ၊ ၂၀၂၀ ခုနှစ်)
 
မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) ၏ Policy review meeting ကို ဒီဇင်ဘာလ ၂၂ရက်နေ့တွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) ဦးထွန်းကြည်အစည်းအဝေးခန်းမတွင် Virtual Online Platform ဖြင့် ပြုလုပ်ခဲ့ကြသည်။

 IMG 1364

အစည်းအဝေးကို မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) ဥက္ကဋ္ဌ ဦးမြသွင် ၊ ဒုတိယဥက္ကဌ ဦးဌေးအောင် ၊ အတွင်းရေးမှူး ဦးဇော်နိုင်၊ ဘဏ္ဍာရေးမှူး ဦးကိုကို နှင့် စီမံချက်အသီးသီးမှ စီမံကိန်းနှင့်စီမံချက်အရာရှိများ တက်ရောက်ခဲ့ကာ အသင်းပေါ်လစီနှင့်ပက်သက်ပြီး ပြင်ဆင်ဖြည့်စွက်ရန် လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြသည်။
 
ဝန်ထမ်းများအနေဖြင့် အသင်း policy ကို လေးစားလိုက်နာသင့်ပြီး ဝန်ထမ်းတစ်ဦးချင်းစီအနေဖြင့် မိမိ၏ ရာထူးအလိုက် စီမံချက်တာဝန်ဝတ္တရားများကို သိထားရန် လိုအပ်ကြောင်း မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) ဥက္ကဌ ဦးမြသွင်မှ အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။
IMG 1393IMG 1354

ထိုနောက် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း(ဗဟို) အတွင်းရေးမှူး ဦးဇော်နိုင်မှ Communication Policy များကို အောက်ခြေဝန်ထမ်းများအထိ ထဲထဲဝင်ဝင် သိစေရန်အတွက် သက်ဆိုင်ရာ အကြီးအကဲများမှ ရှင်းလင်းမှာကြားပေးကြရန် မေတ္တာရပ်ခံလိုကြောင်း ပြောကြားခဲ့သည်။
 
ဆက်လက်၍ စီမံကိန်းနှင့် စီမံချက်အရာရှိများမှ ဌာနအသီးသီးရှိ ပေါ်လစီ ပြင်ဆင်ဖြည့်စွက်ရန် လိုအပ်ချက်များအပေါ် ဆွေးနွေးခဲ့ကြသည်။
 
ပြန်ကြားရေး / မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း