Print
News and Activities
Hits: 773
ရန်ကုန် ( ဒီဇင်ဘာလ ၂၄ရက်နေ့ ၊ ၂၀၂၀ ခုနှစ်)
မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) ဥက္ကဋ္ဌ ဦးမြသွင်မှ အသင်းစီမံချက်ဝန်ထမ်းများအား ၂၀၂၀နှစ်ကုန် နှုတ်ခွန်းဆက်စကား ( Year End Speech)ကို ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဦးထွန်းကြည် အစည်းအဝေးခန်းမတွင် ပြောကြားခဲ့သည်။
IMG 1473.jpg1IMG 1484.jpg1

ဥက္ကဋ္ဌ၏ မိန့်ခွန်းအား မြန်မာနိုင်ငံတစ်ဝှမ်းရှိ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း စီမံချက်ဝန်ထမ်းများမှ Virtual Platform မှတစ်ဆင့် တက်ရောက်နားထောင်ခဲ့ကြသည်။
ရှေးဦးစွာ ဥက္ကဋ္ဌမှ အသင်းရုံးဝန်ထမ်းများနှင့် စီမံချက်ဝန်ထမ်းများအား
" ဒီနှစ်မကုန်ခင် UNOPS ( Vendor Review Committee ) ရဲ့ Sanction List ကနေ တရားဝင်ရုတ်သိမ်းခံရတာဟာ တစ်ဦးတစ်ယောက်တည်းရဲ့ လုပ်ဆောင်ချက်ကြောင့်မဟုတ်ဘဲ ဝန်ထမ်းတွေအားလုံးရဲ့ ကြိုးစားမှုကြောင့်သာဖြစ်ပါတယ် ၊ ဒါကြောင့် ယခုထက်ပိုပြီး အသင်းရဲ့ စွမ်းဆောင်ရည်ကို မြင့်တင်ကြိုးစားကြဖို့ တိုက်တွန်းချင်ပါတယ် " ဟု ဂုဏ်ပြုချီးမြှင့်စကား ပြောကြားခဲ့သည်။
 
ထိုနောက် ဒုတိယဥက္ကဋ္ဌ ဦးဌေးအောင်မှ ဝန်ထမ်းများအနေဖြင့် ယုံကြည်ထိုက်သူ၊ အားကိုးထိုက်သူ ၊ လေးစားထိုက်သူဖြစ်အောင် ကျင့်ကြံကြိုးစားအားထုတ်ရန်လိုကြောင်း ၊ လာမယ့် ၂၀၂၁ ခုနှစ်တွင်လည်း စီမံချက်အသီးသီးကို အောင်မြင်အောင် ကြိုးစားကြဖို့လိုအပ်ကြောင်း တိုက်တွန်းနှိုးဆော်ခဲ့ပါသည်။
ဆက်လက်၍ အတွင်းရေးမှူး ဦးဇော်နိုင်မှ ယခုနှစ်တွင် Budget အခြေအနေကြောင့် ဝန်ထမ်းအရေအတွက်အား စိတ်မကောင်းစွာ လျော့ချလိုက်ရသော်လည်း နောင်တွင်ရရှိလာမည့် စီမံချက်များတွင် ဝန်ထမ်းဟောင်းများအား ဦးစားပေးခန့်ထားရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည် ။
 
ပြန်ကြားရေး / မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း