Print
News and Activities
Hits: 2844

ရန်ကုန်၊ (၂၄ရက်၊ မတ်လ၊ ၂၀၁၉ခုနှစ်)
မတ်လ ၂၄ ရက်တွင် ကျရောက်သော၂၀၁၉ခုနှစ် ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ ဗဟိုအဆင့် အခမ်းအနားကို ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်မြို့နယ် ခန်းမတွင် မတ်လ ၂၄ ရက်နေ့ ညနေ ၃နာရီမှ ၅နာရီ ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။


ယင်းအခမ်းအနားသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာနှင့် NGO/INGO များမှ အကြီးအကဲများ နှင့် အများပြည်သူများ တက်ရောက်ခဲ့ကြပါသည်။

5

 

6

 

3

 

မြန်မာနိုင်ငံကျန်းမာရေးမှူး အသင်း အနေဖြင့်လည်း ပြည်သူလူထုအတွင်း တီဘီရောဂါနှင့် ဆိုင်သောဗဟုသုတများ တိုးပွားစေရန် တီဘီရောဂါအကြောင်းပြခန်းဖွင့်လှစ် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များမျှဝေခြင်း၊ တီဘီရောဂါနှင့် ပတ်သက်သော မေးခွန်းများမေးမြန်းကာ လက်ဆောင်ပစ္စည်းများပေးခြင်းတို့ဖြင့် ၂၀၁၉ခုနှစ် ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့တွင် ပူးပေါင်းပါဝင်ခဲ့ကြပါသည်။
ပြန်ကြားရေး/မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း