အောက်တိုဘာလ (၆) ရက်၊ ၂၀၁၉ ခုနှစ်။

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း အရေးပေါ်အစည်းအဝေးကျင်းပပြီး အစည်းအဝေးဆုံးဖြတ်ချက် (၉) ခု အတည်ပြုချမှတ်ခဲ့

 

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း အရေးပေါ်အစည်းအဝေးကို အောက်တိုဘာလ (၅) ရက်နှင့် (၆) ရက်တို့က မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း နာယကအဖွဲ့ဝင်များ၊ ဗဟိုအမှုဆောင်နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ တိုင်းနှင့်ပြည်နယ်များမှ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ လေ့လာသူများ ပါဝင်တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် အသင်း၏ဖြစ်ပေါ်ဆောင်ရွက်မှုအခြေအနေအရပ်ရပ်နှင့် ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးခဲ့ကြကာ ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြသည်။

(၁) ဦးမျိုးသွင်အား မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဥက္ကဋ္ဌရာထူးမှ ရပ်ဆိုင်း၍ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မတီအဖွဲ့ဖြင့် စစ်ဆေးပြီး တွေ့ရှိချက်များကို မူတည်၍ အသင်း၏စည်းမျဉ်းနှင့်အညီ ဆက်လက်ဆောင်ရွက်ရန်အတည်ပြုခြင်း၊ (၂) မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ ဥက္ကဋ္ဌနေရာအား လက်ရှိ ဒု-ဥက္ကဋ္ဌ ဦးမြသွင်က ယာယီဥက္ကဋ္ဌအဖြစ် လာမည့်ညီလာခံအထိ တာဝန်ယူဆောင်ရွက်ရန် အတည်ပြုဆုံးဖြတ်ခြင်း အပါအဝင် စုစုပေါင်း အစည်းအဝေးဆုံးဖြတ်ချက် (၉) ခုကို အတည်ပြုချမှတ်ခဲ့ကြသည်။

ပြန်ကြားရေး/မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်