Print
News and Activities
Hits: 1940

မုံရွာ (ဇွန်လ ၂၁ ရက်၊ ၂၀၂၀ ခုနှစ်)

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (စစ်ကိုင်းတိုင်းဒေသကြီး) အသင်းရုံး အဆောက်အဦ ဆောက်လုပ်ရန်အတွက် ဇွန်လ ၂၁ ရက်နေ့၊ ညနေ ၅ နာရီအချိန်တွင် သံဃာတော် အရှင်သူမြတ်တို့အား ပင့်ဖိတ်၍ မြေသန့်ပရိတ်များ ရွတ်ဖတ်ခဲ့ကြသည်။

104267214 2988273674622862 8750601003047557034 n

ထိုနောက် ဇွန်လ ၂၂ ရက်နေ့ နံနက် ၆:၃၀ နာရီ မင်္ဂလာအချိန်တွင် မင်္ဂလာပန္နက်များ ရိုက်ခဲ့သည်။

အဆောက်အဦ ပန္နက်ရိုက် အခမ်းအနားသို့ တိုင်းဒေသကြီး နာယကများဖြစ်ကြသော ဦးဝင်းအောင်နှင့် ဦးမြင့်ဆွေ ၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဗဟို အတွင်းရေးမှူး ဦးဇော်နိုင်၊ မြန်မာနိုင်ငံကျန်းမာရေးမှူး အသင်း စစ်ကိုင်းတိုင်း အနောက်ပိုင်း ဥက္ကဌ ဦးသန့်ဇင်ဦးနှင့် တိုင်းဒေသကြီး အမှုဆောင်များ ၊မုံရွာမြို့နယ်မှ အသင်းသူ ၊ အသင်းသားများ တက်ရောက်ခဲ့သည်။

ပြန်ကြားရေး / မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း

MHAA Image Gallery

  • Myanmar Health Assistant Association © MHAA