မိုင်းပျဉ်း ( စက်တင်ဘာလ ၁၀ရက်၊ ၂၀၂၀ ခုနှစ်)
 
မြန်မာနိုင်ငံကျန်းမာ‌ရေးမှူးအသင်းရဲ့ ‌ဒေသစွမ်းအားဖြင့် သာတူညီမျှ ကျန်းမာရေးစောင့်ရှောက်မှု့ လက်လှမ်းမီရရှိရေးစီမံချက်ဟာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းမှာ ပြုလုပ်ခဲ့တဲ့ (၂၀၂၀) ပြည့်နှစ်အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုတွေမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့်အတူ ပါဝင်ခဲ့ပါတယ်။

 Sep20 70 2

ဒီလှုပ်ရှာမှုများမှာ ငါးနှစ်အောက်ကလေး ကိုယ်အလေးချိန် ချိန်ခြင်း၊ မိခင်နို့စနစ်တကျတိုက်ကျွေးခြင်းအကြောင်း၊ ကိုယ်ဝန်ဆောင်နှင့်
နို့တိုက်မိခင်အာဟာရ ကျွေးပုံကျွေးနည်းအကြောင်း၊ အာဟာရအုပ်စု(၃)အုပ်စု
မျှမျှတတ ချက်ပြုတ်စားသုံးပုံအကြောင်း၊ အိုင်အိုဒင်းဆားချို့တဲ့မှုရောဂါများ ပပျောက်ရေးနှင့် အစာတွင် အဏုအာဟာရဖြည့်စွက်ရေးအကြောင်း စသည့်အကြောင်းအရာများနှင့် ပတ်သက်ပြီး သရုပ်ပြရှင်းလင်း ပညာပေးမှုတွေဆောင်ရွက်ခဲ့ကြပါတယ်။
 
ဒါ့အပြင် အာဟာရပြည့်ဝမျှတသည့် အစားအစာများ သရုပ်ပြချက်ပြုတ်ခြင်းတွေ အမေးအဖြေကဏ္ဍတွေ၊ ပြိုင်ပွဲတွေလည်း မိခင်တွေနဲ့အတူ ဆင်နွဲခဲ့ကြပါတယ်။
တစ်ဆက်တည်း ဒီလှုပ်ရှားမှု အခမ်းအနားများမှာ Covid- 19 ရောဂါကာကွယ်ရေးအတွက် တက်ရောက်ပါဝင်သူအားလုံးကို နှာခေါင်းစည်း (Mask) တပ်ခိုင်းတာ၊ လက်စနစ်တကျဆေးခိုင်းတာ စတဲ့ Covid ရောဂါ ကာကွယ်ရေး အလေ့အထများကောင်းများကိုလည်း ဆောင်ရွက်ပညာပေးခဲ့ပါတယ်။
 
ပြန်ကြားရေး/ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း
 

MHAA Image Gallery

  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA