Star InactiveStar InactiveStar InactiveStar InactiveStar Inactive

ကျောက်ဖြူ၊ (၂၆၊ ဖေဖော်ဝါရီလ၊ ၂၀၁၉)
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့နယ်တွင် မြန်မာနိုင်ငံကျန်းမာရေးမှူး အသင်း၏ စီမံချက်ဝန်ထမ်းများမှ ကျောက်ဖြူမြို့နယ် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းအား "ကျန်းမာရေးဝန်ဆောင်မှု လက်လှမ်းမီစွာ ရရှိရေးစီမံချက်" နှင့်ပတ်သက်ပြီး တွေ့ဆုံအသိပေး ရှင်းလင်းခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေ ၄ နာရီအချိန်တွင်ကျောက်ဖြူ မြို့နယ် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

(၂၂ရက်၊ မတ်လ၊ ၂၀၁၉ ခုနှစ်)
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန နှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းတို့ ပူးပေါင်းဆောင်ရွက်သည့် လူထုကိုယ်တိုင်ပူးပေါင်းပါဝင်ခြင်းဖြင့် အားလုံးလက်လှမ်းမီ တီဘီရောဂါတိုက်ဖျက်ရေး စီမံချက် (Community Participation toward Universal Access to TB/MDR-TB project)၏ မြို့နယ်အဆင့် စီမံချက်အကြောင်း အသိပေးရှင်းလင်းပွဲ အခမ်းအနားကို မတ်လ ၂၂ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ် ပြည်သူ့ဆေးရုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

ရန်ကုန်၊ (၂၄ရက်၊ မတ်လ၊ ၂၀၁၉ခုနှစ်)
မတ်လ ၂၄ ရက်တွင် ကျရောက်သော၂၀၁၉ခုနှစ် ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ ဗဟိုအဆင့် အခမ်းအနားကို ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်မြို့နယ် ခန်းမတွင် မတ်လ ၂၄ ရက်နေ့ ညနေ ၃နာရီမှ ၅နာရီ ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။