ရန်ကုန် ( ဒီဇင်ဘာ ၅ ၊ ၂၀၂၀ ခုနှစ် )
 
မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ရန်ကုန်တိုင်းဒေသကြီး ) တတိယလေးလပတ်အစည်းအဝေးကို ဒီဇင်ဘာလ ၅ရက်နေ့ ၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) ဆရာဦးထွန်းကြည် ခန်းမတွင် ပြုလုပ်ကျင်းပခဲ့သည်။

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ အသက်(၇၅) နှစ်အထက် သက်ကြီးကျန်းမာရေးမှူးများအား ဂါရဝပြုကန်တော့ရန်အတွက် ပါဝင်လှူဒါန်းကြပါသော အောက်ဖော်ပြပါ အလှူရှင်များအား ကျေးဇူးတင် ဂုဏ်ပြုအပ်ပါသည်။
 
မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း(ဗဟို)

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ စီမံချက်လုပ်ငန်းများ ဆောင်ရွက်ရန် နှင့် ဝန်ထမ်းများ နေထိုင်ရန်အတွက် ၂၀၂၁ ခုနှစ် ၊ ဇန်နဝါရီလ (၁) ရက်မှ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ အောက်ဖော်ပြပါ နေရာ (၁) နေရာတွင် (မြန်မာကျပ်ငွေဖြင့် ) အဆောက်အဦ ငှားရမ်းရန် ရှိပါသဖြင့် အိတ်ဖွင့်တင်ဒါ တင်သွင်းကြရန် ဖိတ်ခေါ်အပ်ပါသည်။

 

ရန်ကုန် ( ဒီဇင်ဘာ ၂ ရက်နေ့ ၊၂၀၂၀ ခုနှစ်)
 
ရန်ကုန်တိုင်း‌ေဒသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းသို့ နှာခေါင်းစည်း Mask အခုရေ ( ၅၀၀၀၀) ကို ဒီဇင်ဘာလ (၁) ရက်နေ့ ၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ပေးအပ်လှူဒါန်းခဲ့ပြီး မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း (ဗဟို) ဥက္ကဌ ဦးမြသွင်မှ လက်ခံရယူခဲ့ပါသည်။

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ အသက်(၇၅) နှစ်အထက် သက်ကြီးကျန်းမာရေးမှူးများအား ဂါရဝပြုကန်တော့ရန်အတွက် ပါဝင်လှူဒါန်းကြပါသော အောက်ဖော်ပြပါ အလှူရှင်များအား ကျေးဇူးတင် ဂုဏ်ပြုအပ်ပါသည်။
 
မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း(ဗဟို)