- Details
- News and Activities
- Hits: 2603
အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အဖြစ် ဒီဇင်ဘာလ (၅) ရက် ၂၀၂၀ ရက်နေ့တွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ၏ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေး စီမံချက် မှ ကြီးမှူး၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန တို့နှင့်ပူးပေါင်းဆောင်ရွက်ကာ ကျောက်ဖြူမြို့မဈေး တွင် လက်သန့်ဆေးရည်နှင့် နှာခေါင်းစည်းများကို ဈေးဝယ်လာသော ပြည်သူလူထု များအားအခမဲ့ ပေးဝေခဲ့ပါသည်။
- Details
- News and Activities
- Hits: 2119
ရန်ကုန် ( ဒီဇင်ဘာ ၅ ၊ ၂၀၂၀ ခုနှစ် )
မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ရန်ကုန်တိုင်းဒေသကြီး ) တတိယလေးလပတ်အစည်းအဝေးကို ဒီဇင်ဘာလ ၅ရက်နေ့ ၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) ဆရာဦးထွန်းကြည် ခန်းမတွင် ပြုလုပ်ကျင်းပခဲ့သည်။
- Details
- News and Activities
- Hits: 4721
မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ အသက်(၇၅) နှစ်အထက် သက်ကြီးကျန်းမာရေးမှူးများအား ဂါရဝပြုကန်တော့ရန်အတွက် ပါဝင်လှူဒါန်းကြပါသော အောက်ဖော်ပြပါ အလှူရှင်များအား ကျေးဇူးတင် ဂုဏ်ပြုအပ်ပါသည်။
မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း(ဗဟို)
- Details
- News and Activities
- Hits: 4673
မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ စီမံချက်လုပ်ငန်းများ ဆောင်ရွက်ရန် နှင့် ဝန်ထမ်းများ နေထိုင်ရန်အတွက် ၂၀၂၁ ခုနှစ် ၊ ဇန်နဝါရီလ (၁) ရက်မှ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ အောက်ဖော်ပြပါ နေရာ (၁) နေရာတွင် (မြန်မာကျပ်ငွေဖြင့် ) အဆောက်အဦ ငှားရမ်းရန် ရှိပါသဖြင့် အိတ်ဖွင့်တင်ဒါ တင်သွင်းကြရန် ဖိတ်ခေါ်အပ်ပါသည်။
- Details
- News and Activities
- Hits: 3373
ရန်ကုန် ( ဒီဇင်ဘာ ၂ ရက်နေ့ ၊၂၀၂၀ ခုနှစ်)
ရန်ကုန်တိုင်းေဒသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းသို့ နှာခေါင်းစည်း Mask အခုရေ ( ၅၀၀၀၀) ကို ဒီဇင်ဘာလ (၁) ရက်နေ့ ၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ပေးအပ်လှူဒါန်းခဲ့ပြီး မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း (ဗဟို) ဥက္ကဌ ဦးမြသွင်မှ လက်ခံရယူခဲ့ပါသည်။
Subscribe to MHAA Newsletters for early information
Get our project releases and latest information with exclusive news and opportunities in your inbox.
မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းနှင့် သက်ဆိုင်သော လိမ်လည်မှု၊ လာဘ်ပေးလာဘ်ယူမှုနှင့် အဂတိ
လိုက်စားမှုများကို တွေ့ရှိလျှင် (သို့) သံသယရှိလျှင် (သို့) လက်ခံရရှိလျှင် အကြောင်းကြားပါ။
လိုက်စားမှုများကို တွေ့ရှိလျှင် (သို့) သံသယရှိလျှင် (သို့) လက်ခံရရှိလျှင် အကြောင်းကြားပါ။
Contact To MHAA

TB Hospital Road, Aungsan, Insein Township ,Yangon, Myanmar.
Ph:+95 1 3645722




