မကွေးတိုင်းဒေသကြီး (သြဂုတ်လ၊ ၂၀၁၉ ခုနှစ်)

မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂) ခုတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းက လုပ်ဆောင်လျှက်ရှိသော တီဘီရောဂါတိုက်ဖျက်ရေးစီမံချက်များ၏ မြို့နယ်အဆင့် စီမံချက်လုပ်ငန်းများနှင့် ပတ်သက်၍ အသိပေးဆွေးနွေးပွဲများကို ပြီးခဲ့သည့် သြဂုတ်လ စတုတ္ထပတ်အတွင်းက ကျင်းပပြုလုပ်ခဲ့ပါသည်။

စက်တင်ဘာလ ၁၂ ရက်၊ ၂၀၁၉ ခုနှစ်။


မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းနှင့် မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေး ကြီးကြပ်အသင်းတို့ ပေါင်းစည်းနိုင်ရေးအတွက် ဗဟိုအလုပ်အမှုဆောင်များ ညှိနှိုင်းဆွေးနွေးပွဲတစ်ရပ်ကို စက်တင်ဘာလ (၁၂)ရက်က မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

တောင်ကြီးမြို့ (စက်တင်ဘာလ ၈ ရက်၊ ၂၀၁၉ ခုနှစ်)


မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ရှမ်းပြည်နယ် (တောင်ပိုင်း) ကျန်းမာရေးမှူးများ စုံညီတွေ့ဆုံပွဲအခမ်းအနားကို တောင်ကြီးမြို့တွင် စက်တင်ဘာလ (၈) ရက်က ကျင်းပပြုလုပ်ခဲ့ပါသည်။

ရန်ကုန် (သြဂုတ်လ ၁၈ ရက်၊ ၂၀၁၉ ခုနှစ်)

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (၅)နှစ်စာ မဟာဗျူဟာစီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်းအဖွဲ့၏ ပထမဆုံးအကြိမ်အစည်းအဝေးကို သြဂုတ်လ (၁၈) ရက်က မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခြေခံကျန်းမာရေးဝန်းထမ်းများ၏ အနစ်နာခံ တာဝန်ထမ်းဆောင်မှုများကို လေးစားတန်ဖိုးထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ရန်ကုန်တိုင်းဒေသကြီး) တွေ့ဆုံပွဲနှင့် သင်းလုံးကျွတ် အစည်းအဝေးတွင် ပြောကြား