ကျောက်ဖြူ၊ (၂၆၊ ဖေဖော်ဝါရီလ၊ ၂၀၁၉)
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့နယ်တွင် မြန်မာနိုင်ငံကျန်းမာရေးမှူး အသင်း၏ စီမံချက်ဝန်ထမ်းများမှ ကျောက်ဖြူမြို့နယ် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းအား "ကျန်းမာရေးဝန်ဆောင်မှု လက်လှမ်းမီစွာ ရရှိရေးစီမံချက်" နှင့်ပတ်သက်ပြီး တွေ့ဆုံအသိပေး ရှင်းလင်းခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေ ၄ နာရီအချိန်တွင်ကျောက်ဖြူ မြို့နယ် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ပထမဦးစွာ မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း ၏ စီမံချက်ဝန်ထမ်းများနှင့် ကျောက်ဖြုမြို့ နယ် မြန်မာနိုင်ငံ ကျန်းမာရေးမှူး အသင်းဝင်များ အားလုံးမှ အပြန်အလှန် မိတ်ဆက်ကြပါသည်။ အဖွင့်အမှာစကားကို ကျောက်ဖြုမြို့နယ် မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း ဥက္ကဌ ဆရာဦးမိုးကျော်ကျော်မှ ပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံ ကျန်းမာရေးမှူး အသင်း၏ စီမံချက်အရာရှိ ဦးဇော်ထက်အောင်မှ စီမံချက်ဆိုင်ရာလုပ်ငန်းများအကြောင်းကို တက်ရောက်လာသော အသင်းဝင်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။
စီမံချက် လုပ်ငန်းများကို ရှင်းလင်းတင်ပြပြီးနောက် ကြွရောက်လာကြသော အသင်းဝင်များမှ မေးမြန်းသော အကြောင်းအရာများကို စီမံချက် ဝန်ထမ်းများမှ ပြန်လည်ဖြေကြားခဲ့ပါသည်။ မြန်မာနိုင်ငံ ကျန်းမာရေးမှူး အသင်းဝင် ဆရာဦးခင်မောင်ဖြိုးမှ နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းဝင် ( ၈ ) ဦး နှင့် စီမံချက်ဝန်ထမ်း ( ၉ ) ဦး တို့တက် ရောက်ခဲ့ကြပါသည်။
ပြန်ကြားရေး/ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း