ရန်ကုန်၊ (မေလ ၁၈ ရက်၊၂၀၁၉ ခုနှစ်)
မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ ရွေးချယ်တင်မြှောက်ပွဲ ကျင်းပရေးကော်မရှင် (၂၀၁၉-၂၀၂၀) အစည်းအဝေးကို မေလ ၁၈ ရက်နေ့က ရန်ကုန်မြို့ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

008
အစည်းအဝေးတွင် (၁) ရွေးချယ်တင်မြှောက်ပွဲ ကျင်းပရေးကော်မရှင်၏ လုပ်ငန်းလမ်းညွှန်များ သတ်မှတ်နိုင်ရန်၊ (၂) ၂၀၁၉ - ၂၀၂၀ ရွေးချယ်တင်မြှောက်ပွဲကျင်းပရေးကော်မရှင်၏ လုပ်ငန်းအစီအစဉ်များ သတ်မှတ်နိုင်ရန်၊ (၃) ကော်မရှင်အဖွဲ့နှင့် communication အဖွဲ့ပူးပေါင်း၍ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များကို အသင်းဝင်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်နိုင်စေရန် လုပ်ငန်းအစီအစဉ်များချမှတ်ကြရန် စသည့်ရည်ရွယ်ချက် ခေါင်းစဉ် (၃)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ကြသည်။

003အခမ်းအနားတွင် မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း ဥက္ကဌ ဦးမျိုးသွင်၊ နာယက ဆရာကြီး ဦးအုန်းမောင်၊ ဒု-ဥက္ကဌ ဦးမြသွင်၊ ရွေးချယ်တင်မြှောက်ပွဲကျင်းပရေးကော်မရှင် ဥက္ကဌ ဒေါ်စိန်ညွှန့်တို့မှ အမှာစကား အသီးသီးပြောကြားခဲ့ကြသည်။ ထို့နောက် ကော်မရှင် အတွင်းရေးမှူး ဦးဝင်းဌေးမှ ကော်မရှင် လုပ်ငန်းလမ်းညွှန်ကို ဖတ်ကြား၍ တက်ရောက်လာသူများမှ ဆွေးနွေးခြင်း၊ လုပ်ငန်းအစီအစဉ်များ ရေးဆွဲခြင်း၊ ကော်မရှင်၏လုပ်ငန်းလမ်းညွှန်များအား အတည်ပြုခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။

001002
အစည်းအဝေးတွင် (၁) အသင်းဝင်စာရင်း အတည်ပြုခြင်းကို ဇူလိုင်လ ဒုတိယအပတ်တွင်လည်းကောင်း (၂) တိုင်းဒေသကြီးနှင့် ပြည်နယ်ကော်မရှင် ဖွဲ့စည်းခြင်းကို ဇူလိုင်လ နောက်ဆုံးအပတ်တွင်လည်းကောင်း၊ (၃)မဲစာရင်းကြေငြာခြင်းကို သြဂုတ်လ ဒုတိယအပတ်တွင်လည်းကောင်း၊ (၄) ဗဟိုနှင့် တိုင်းဒေသကြီး၊ပြည်နယ် ကော်မရှင်အစည်းအဝေးများကို သြဂုတ်လ ဒုတိယအပတ်တွင်လည်းကောင်း၊ (၅) မြို့နယ်အဆင့် အလုပ်အမှုဆောင်အဖွဲ့ ဖွဲ့စည်းခြင်းကို စက်တာဘာလနောက်ဆုံးအပတ်တွင်လည်းကောင်း (၆) ခရိုင်အဆင့် အလုပ်အမှုဆောင်အဖွဲ့ ဖွဲ့စည်းခြင်းကို အောက်တိုဘာလ နောက်ဆုံးအပတ်တွင်လည်းကောင်း၊ (၇) တိုင်းဒေသကြီးနှင့် ပြည်နယ်အလုပ်အမှုဆောင်အဖွဲ့ ဖွဲ့စည်းခြင်းကို နိုဝင်ဘာလ နောက်ဆုံးအပတ်တွင်လည်းကောင်း အသီးသီးပြုလုပ် ဆောင်ရွက်ကြရန် ဆုံးဖြတ်အတည်ပြု ခဲ့ကြသည်။ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ ရွေးချယ်တင်မြှောက်ပွဲ ကျင်းပရေးကော်မရှင် (၂၀၁၉-၂၀၂၀) အစည်းအဝေးကို ညနေ ၅ နာရီခွဲတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။

009

007