ရန်ကုန် (ဇွန်လ ၂၁ ရက်၊ ၂၀၁၉ ခုနှစ်)


စစ်ကိုင်းတိုင်းဒေသကြီး မြို့နယ် (၁၂) ခုတွင် တိုးချဲ့ဆောင်ရွက်မည့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ တီဘီရောဂါတိုက်ဖျက်ရေး “End-TB” စီမံချက်မှ ဝန်းထမ်းသစ်များကို ဇွန်လ ၂၀ ရက်နှင့် ၂၁ ရက်တို့က မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းရုံး ဦးအေးမြင့်ခန်းမတွင် ၂ ရက်တာ လုပ်ငန်းခွင်မိတ်ဆက်သင်တန်းပေးခဲ့သည်။


ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့ Global Fund ၏ အကူအညီအထောက်အပံ့ဖြင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းနှင့် UNOPS တို့ ပူးပေါင်းဆောင်ရွက်သည့် တီဘီရောဂါတိုက်ဖျက်ရေး “End-TB” စီမံချက်ကို စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့နယ် (၁၂) ခုတွင် ယခုလ (ဇွန်လ ၂၀၁၉ ခုနှစ်) မှ စ၍ လာမည့်၂၀၂၀ ခုနှစ် ဒီဇင်ဘာလအထိ ၁၉ လကြာ ဆောင်ရွက်သွားမည်ဖြစ်သည်။
“ဒီစီမံကိန်းဆောင်ရွက်တဲ့ နေရာဒေသတွေက သွားလာရ ခက်ခဲကြမ်းတမ်းပြီး ကျန်းမာရေးစောင့်ရှောက်မှု နဲ့ အလှမ်းဝေးတဲ့နေရာတွေဖြစ်ပါတယ်။ ဒီစီမံချက်ကနေ စီမံချက်ဧရိယာမှာရှိတဲ့ ပြည်သူလူထုတွေရဲ့ တီဘီရောဂါ ဝန်ထုပ်ဝန်ပိုးတွေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။” ဟု စီမံချက် မန်နေဂျာဖြစ်သူ ဦးကျော်မင်းသူက ပြောကြားသည်။

တီဘီရောဂါတိုက်ဖျက်ရေး “End-TB” စီမံချက်၏ တိုးချဲ့ဆောင်ရွက်မည့် စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့နယ် (၁၂) ခုမှာ ကလေး၊ ကလေးဝ၊ ခန္တီး၊ မင်းကင်း၊ မော်လိုက်၊ ဖောင်းပြင်၊ ဟုမ္မလင်း၊တမူး၊ ရေဦး၊ ဒီပဲယင်း၊ မြောင် နှင့် ယင်းမာပင် မြို့နယ်တို့ ဖြစ်သည်။


သင်တန်းဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၂၀ ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းရုံး ဦးအေးမြင့်ခန်းမ၌ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဒု-ဥက္ကဌ ဦးမြသွင်၊ အတွင်းရေးမှူးဦးဌေးအောင်၊ ဘဏ္ဍာရေးမှူး ဦးမျိုးတင့်၊ Central Program Manager ဦးဖြိုးစည်သူဝင်း၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူများ နှင့် ဝန်ထမ်းသစ် (၂၇)ဦး တက်ရောက်ခဲ့သည်။


သင်တန်းဖွင့်ပွဲ အဖွင့်အမှာစကားပြောကြားရာတွင် ဒု-ဥက္ကဌ ဦးမြသွင်က စီမံချက်အတွက် လိုအပ်သည့် အကူအညီများကို ဒေသဆိုင်ရာတာဝန်ရှိသူများထံ ရယူတောင်းခံကြရန်၊ ၊မြိုနယ်ကျန်းမာရေးမှူးအသင်းများနှင့်ချိတ်ဆက်ဆောင်ရွက်ကြရန် နှင့် စီမံချက်အောင်မြင်အောင် ဆောင်ရွက်ကြရန်မှာကြားခဲ့သည်။ “ပြည်သူလူထုတွေကို အခက်အခဲတွေဖြစ်စေတဲ့ အန္တရာယ်ပေးနိုင်တဲ့ တီဘီရောဂါကြီးကို တိုက်ထုတ်တဲ့နေရာမှာ တစ်ထောင့်တစ်နေရာကနေပြီးတော့ အားလုံးကပူးပေါင်းဆောင်ရွက်ကြမယ်၊ စီမံချက်အောင်မြင်အောင် ဆောင်ရွက်ကြမယ်လို့ ယုံကြည်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။


နှစ်ရက်တာ သင်တန်းတွင် Central Program Manager ဦးဖြိုးစည်သူဝင်းမှ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ စီမံချက်လုပ်ငန်းများအကြောင်းကိုလည်းကောင်း၊ Project Manager နှင့် Assistant Project Manager တို့မှ စီမံချက်နှင့် လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ M&E၊ AEI ၊ Finance နှင့် HR ဌာနတို့မှလည်း လုပ်ငန်းဏ္ဍများအလိုက် ရှင်းလင်းခဲ့ကြသည်။


မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းသည် မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး နှင့် ရခိုင်ပြည်နယ်တို့ရှိ စုစုပေါင်းမြို့နယ် (၃၉) ခုတွင် တီဘီရောဂါတိုက်ဖျက်ရေး “End-TB” စီမံချက်များကို ဆောင်ရွက်လျှက်ရှိသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့တီဘီရောဂါဖြစ်ပွားမှုအများဆုံး (၃၀)နိုင်ငံစာရင်းနှင့် TB/MDR-TB နှင့် TB/HIV ရောဂါများ ဖြစ်ပွားမှုအများဆုံး (၁၄)နိုင်ငံစာရင်းတို့တွင် ပါဝင်ပြီး တီဘီရောဂါဖြစ်ပွားမှုသည် နိုင်ငံ၏အဓိက ကျန်းမာရေးပြသနာတစ်ခုဖြစ်သည်။


ပြန်ကြားရေး/မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း

Images Gallery

စစ်ကိုင်းတိုင်းဒေသကြီး မြို့နယ် (၁၂) မြို့နယ်တွင် တိုးချဲ့ဆောင်ရွက်မည့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ တီဘီရောဂါတိုက်ဖျက်ရေး“End-TB” စီမံချက်မှ ဝန်းထမ်းသစ်များကို လုပ်ငန်းခွင်မိတ်ဆက်သင်တန်းပေး

  •   စစ်ကိုင်းတိုင်းဒေသကြီး မြို့နယ် (၁၂) မြို့နယ်တွင် တိုးချဲ့ဆောင်ရွက်မည့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ တီဘီရောဂါတိုက်ဖျက်ရေး“End-TB” စီမံချက်မှ ဝန်းထမ်းသစ်များကို လုပ်ငန်းခွင်မိတ်ဆက်သင်တန်းပေး
  • စစ်ကိုင်းတိုင်းဒေသကြီး မြို့နယ် (၁၂) မြို့နယ်တွင် တိုးချဲ့ဆောင်ရွက်မည့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ တီဘီရောဂါတိုက်ဖျက်ရေး“End-TB” စီမံချက်မှ ဝန်းထမ်းသစ်များကို လုပ်ငန်းခွင်မိတ်ဆက်သင်တန်းပေး
  • စစ်ကိုင်းတိုင်းဒေသကြီး မြို့နယ် (၁၂) မြို့နယ်တွင် တိုးချဲ့ဆောင်ရွက်မည့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ တီဘီရောဂါတိုက်ဖျက်ရေး“End-TB” စီမံချက်မှ ဝန်းထမ်းသစ်များကို လုပ်ငန်းခွင်မိတ်ဆက်သင်တန်းပေး
  • စစ်ကိုင်းတိုင်းဒေသကြီး မြို့နယ် (၁၂) မြို့နယ်တွင် တိုးချဲ့ဆောင်ရွက်မည့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ တီဘီရောဂါတိုက်ဖျက်ရေး“End-TB” စီမံချက်မှ ဝန်းထမ်းသစ်များကို လုပ်ငန်းခွင်မိတ်ဆက်သင်တန်းပေး