"အရင်က ဆေးရုံဆေးခန်းဆို မလာကြဘူး။ အရေးပေါ်ကိစ္စမျိုးတောင် မနည်းတိုက်တွန်းယူရတယ်။ ဆေးရုံကို လာဖို့ကြောက်ကြတယ်။ ပိုက်ဆံကုန်မှာ ကြောက်ကြတယ်။ ပြီးတော့ လမ်းပန်းဆက်သွယ်ရေးက ခက်ခဲတော့ သူတို့ မလာချင်ကြဘူး။" ဟု မိုင်းပျဉ်းမြို့နယ်၏ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း စီမံချက်အရာရှိ ကိုဇင်မင်းထွန်းက ပြောသည်။


ကျိုင်းတုံမြို့၏ အရှေ့ဘက်တွင် တည်ရှိသော မိုင်းပျဉ်းမြို့သည် တောင်ကုန်းတောင်းတန်း ထူထပ်သည့် ဒေသတစ်ခုဖြစ်ပြီး လားဟူ၊ ရှမ်း၊ ပလောင်၊ ဝ၊ ဗမာ၊ အာခါ စသည့် တိုင်းရင်းသားများ အများစုနေထိုင်ကြသည့် ဒေသတစ်ခုဖြစ်သည်။

"ကျွန်တော်တို့ စီမံချက်ဝင်ပြီး ကျန်းမာရေးအသိပညာပေး စည်းရုံးပြီးတဲ့နောက်မှာ တစ်ခုခုဆို ဆေးရုံတက်မယ်၊ ဆေးခန်းသွားမယ် ဆိုတာမျိုး ဖြစ်လာကြတယ်။ အခုနောက်ပိုင်းမှာ ဆရာ/ ဆရာမတွေက မတိုက်တွန်းရင်တောင် တစ်ခုခုဖြစ်တာနဲ့ ဆေးရုံဆေးခန်းကို သူတို့ဟာသူတို့ လာကြတယ်။" ဟု ကို ဇင်မင်းထွန်းက ပြောသည်။

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းသည် Access to Health Fund ၏ ထောက်ပံ့မှုဖြင့် ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေးစီမံချက် ကို ၂၀၁၉ ခုနှစ် ဇန်နဝါလက မိုင်းပျဉ်းမြို့နယ်တွင် စတင်အကောင်ထည်ဖော်ဆောင်ရွက်ခဲ့ပြီး ကျန်းမာရေးအသိပညာပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်နှင့် (၅) နှစ်အောက်ကလေးများ၏ အရေးပေါ်ကျန်းမာရေးအခြေအနေများတွင် ဆေးရုံတက်ရောက်ကုသနိုင်ရန် ခရီးစရိတ်နှင့် စားစရိတ်များထောက်ပံ့ခြင်း၊ TB သံသယလူနာနှင့် ပြင်းထန်ငှက်ဖျားလူနာများအား ဆေးရုံတက်ရောက်ကုသရန် ခရီးစရိတ်ထောက်ပံ့ခြင်း၊ အခြေခံကျန်းမာရေးဝန်းထမ်းများအား ကာကွယ်ဆေးသွားရောက်ထိုးနှံရာတွင် ခရီးစရိတ်ထောက်ပံ့ပေးခြင်း၊ (၃) လ တစ်ကြိမ် မြို့နယ်နှင့် ကျေးလက်ကျန်းမာရေးဌာနအဆင့် အစည်းအဝေးများအား ထောက်ပံ့ကူညီခြင်းများ ဆောင်ရွက်ခဲ့သည်။

၂၀၁၈ ခုနှစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စာရင်းများအရ မိုင်းပျဉ်းမြို့နယ်တွင် လူဦးရေ (၆) သောင်းကျော် နေထိုင်လျှက်ရှိပြီး (၂၅) ကုတင်ဆန့် ပြည်သူ့ဆေးရုံး (၁) ခု၊ (၁၆) ကုတင်ဆန့် တိုက်နယ် ဆေးရုံ (၁) ခု၊ ကျေးလက်ကျန်းမာရေးဌာန (၃) ခု၊ ကျေးလက် ကျန်းမာရေးဌာနခွဲ (၉) ခုတို့ဖြင့် အများပြည်သူများကို ကျန်းမာရေးစောင့်ရှောက်ပေးလျှက်ရှိကြောင်း သိရသည်။ ၂၀၁၈ ခုနှစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဒေသဆိုင်ရာ ထုတ်ပြန်ချက်အရ မိုင်းပျဉ်းမြို့နယ်၏ တစ်ဦးချင်းဝင်ငွေမှာ ၅၁၀၃၁၁ ကျပ် ဖြစ်ကြောင်းသိရသည်။

ပြန်ကြားရေး/ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း

Images Gallery

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းသည် Access to Health Fund ၏ ထောက်ပံ့မှုဖြင့် ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေးစီမံချက် ကို ၂၀၁၉ ခုနှစ် ဇန်နဝါလက မိုင်းပျဉ်းမြို့နယ်တွင် စတင်အကောင်ထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

  • 001 မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းသည် Access to Health Fund ၏ ထောက်ပံ့မှုဖြင့် ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေးစီမံချက် ကို ၂၀၁၉ ခုနှစ် ဇန်နဝါလက မိုင်းပျဉ်းမြို့နယ်တွင် စတင်အကောင်ထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
  • မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းသည် Access to Health Fund ၏ ထောက်ပံ့မှုဖြင့် ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေးစီမံချက် ကို ၂၀၁၉ ခုနှစ် ဇန်နဝါလက မိုင်းပျဉ်းမြို့နယ်တွင် စတင်အကောင်ထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
  • မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းသည် Access to Health Fund ၏ ထောက်ပံ့မှုဖြင့် ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေးစီမံချက် ကို ၂၀၁၉ ခုနှစ် ဇန်နဝါလက မိုင်းပျဉ်းမြို့နယ်တွင် စတင်အကောင်ထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။