ရန်ကုန်၊ မတ်လ (၁၇) ၊ ၂၀၂၀ခုနှစ်

ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း၏ နိုင်ငံတဝန်း ကာကွယ် ဆေးလွှမ်းခြုံ စစ်တမ်းကောက်ယူမှု စီမံချက်( National Vaccination Evaluation Survey)အတွက် မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းမှ ခန့်ထားသော စေတနာ့ဝန်ထမ်း များအား အသင်းဥက္ကဌ ဦးမြသွင်မှ မတ်လ(၁၇) ရက်နေ့တွင် တွေ့ဆုံ၍ ကွင်းဆင်းစစ်တမ်းကောက်ယူသည့်အချိန်တွင် ဆောင်ရန်၊ ရှောင်ရန် အချက်များအား အကြံပြုပြောကြားခဲ့သည်။

 

ကွင်းဆင်း၍ စစ်တမ်းကောက်ယူခြင်းစီမံချက်အတွက် စစ်တမ်းကောက်ယူသူ (၅၈) ဦး၊ ကြီးကြပ်သူ (၃၂) ဦး စုစုပေါင်း (၉၀) ဦးတို့အပြင် အဆိုပါ စစ်တမ်းကောက်ယူခြင်းနှင့် စပ်လျဉ်း၍ ဆက်သွယ်ဆောင်ရွက်ရန်နှင့် ညွှန်ကြားကြီးကြပ်ရန် အတွက် Team Coordinator နှစ်ဦးတို့ကို မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ ခန့်အပ်ခဲ့သည်။01


အစည်းအဝေးတွင် ဥက္ကဌမှ စေတနာ့ဝန်ထမ်းများအား လမ်းညွှန်မှု အမှာစကားများ ပြောကြားခဲ့ပြီး စေတနာ့ဝန်ထမ်းများမှလည်း စစ်တမ်းကောက်ယူရာတွင် ကြုံတွေ့ရသော အခက်အခဲများကို တင်ပြကြပြီး ဖြေရှင်းဆောင်ရွက်ရန် အကြံဉာဏ်များ တောင်းခံခဲ့သည်။

0203


ထို့အပြင် မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း ဒုတိယ ဥက္ကဌ ဦးဌေးအောင် နှင့် ဘဏ္ဍာရေးမှူး ဦးကိုကို တို့မှလည်း စီမံချက် စေတနာ့ဝန်ထမ်းများအနေဖြင့် သိသင့် သိထိုက်သည်များကို ပြောကြားခဲ့သည်။

0406

ဆက်လက်၍ ရွေးချယ်တင်မြောက်ပွဲ ကျင်းပရေး ကော်မရှင် ဥက္ကဌ ဒေါ်စိန်ညွှန့် နှင့် အတွင်းရေးမှူး ဦးဝင်းဌေးတို့မှလည်း ကွင်းဆင်းရာတွင် ဆောင်ရန်၊ ရှောင်ရန် အချက်များကို အကြံပြုပြောကြားခဲ့သည်။

0811


စေတနာ့ဝန်ထမ်းများသည် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း၏ ကာကွယ်ဆေးလွှမ်းခြုံ စစ်တမ်းကောက်ယူမှု စီမံချက်အတွက် တိုင်းဒေသကြီး/ပြည်နယ်အားလုံးတွင် (၄) လကြာ စစ်တမ်းကောက်ယူရမည်ဖြစ်သည်။

 ပြန်ကြားရေး/မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း