ရှမ်းပြည်နယ်၊ မတ်လ (၁၆)ရက်၊ ၂၀၂၀ခုနှစ်

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ရှမ်းပြည်နယ်တောင်ပိုင်း) လေးလပတ်အစည်းအဝေးကို မတ်လ (၁၆) ရက်နေ့က ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးရုံးတွင် ပြုလုပ်ခဲ့သည်။

 


90126694 2759662104150688 2904538283222499328 n90021473 2759662210817344 7927277123125903360 n

အစည်းအဝေးတွင် ပြည်နယ်အသင်း ရန်ပုံငွေအတွက် မြို့နယ်များရှိ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းဝင်များမှ ၃လတစ်ကြိမ် ရန်ပုံငွေ ထည့်ဝင်ရန် သတ်မှတ်ခြင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ကျန်းမာရေးမှူးများအား Leadership Management Training ရရှိအောင် ဆောင်ရွက်သွားရန် ဆွေးနွေးခြင်း၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဖွဲစည်းပုံ စည်းမျဉ်းဥပဒေ မူကြမ်းအား အမြန်ဆုံးအကောင်အထည်ဖော်ပေးရန် ဆွေးနွေးခြင်း နှင့် မြို့နယ်အလိုက် အသင်းသားဦးရေ စာရင်းပြုစု၍ ပြည်နယ်ဥက္ကဌထံ ပေးပို့သွားရန် ဆွေးနွေးခဲ့ကြသည်။


ပြန်ကြားရေး/ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း