ရန်ကုန် (ဧပြီလ ၇ ရက်၊ ၂၀၂၀ ခုနှစ်)
မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊Decolgen ဆေးကုမ္ပဏီတို့နှင့် ပူးပေါင်းကာ (Covid – 19) ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အတွက် လှိုင်သာယာမြို့နယ်၊ မြောက်ဒဂုံမြို့နယ်နှင့် အောင်ဆန်းမြို့ အတွင်းရှိ ကားမှတ်တိုင်များ၊ မီးပွိုင့်များတွင် Taxi သမားများ၊ YBS ကားသမားများ၊ ကားသမားများနှင့် ခရီးသွားပြည်သူများအား ပညာပေးလက်ကမ်းစာဆောင်များ၊ နှာခေါင်းစည်း Mask များ နှင့် Hand gel များ ဝေဌခြင်း စသည့် လုပ်ငန်းစဉ်များဆောင်ရွက်ခဲ့သည်။
၎င်းအခမ်းအနားသို့ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) ဥက္ကဌ ဦးမြသွင်၊ ဒု-ဥက္ကဋ္ဌ ဦးဌေးအောင်၊ ဘဏ္ဍာရေးမှူး ဦးကိုကို တို့နှင့်အတူ နယ်မြေခံကျန်းမာရေးဝန်ထမ်းများ၊
သက်ဆိုင်ရာမြို့နယ်များမှ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရန်ကုန်တိုင်းဒေသကြီး မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း အသင်းဝင်များ၊ လှိုင်သာယာမြို့နယ်ရှိ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း စီမံချက်ဝန်ထမ်းများ စုစုပေါင်း (၄၀) ဦးခန့် အားဖြည့်ပါဝင်ပေးခဲ့ကြပါသည်။
ရန်ကုန်တိုင်းဒေသကြီးရှိ လူနေထူထပ်သော မြို့နယ်များတွင် အကြောင်းအမျိုးမျိုးဖြင့် နေ့စဉ်လှုပ်ရှား သွားလာနေရသော အများပြည်သူများ (Covid – 19) ရောဂါကာကွယ်ရေး သတိ၊ အသိရှိစေရန်နှင့် မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များကို အလေးထားလိုက်နာကြစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းအနေဖြင့် (Covid – 19) ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား လုပ်ကိုင်ဆောင်ရွက်လျှက်ရှိသည်။
ထို့ပြင် တိုင်းနှင့် ပြည်နယ်အသီးသီးတွင်လည်း သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းသားများမှ (Covid – 19) ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း ဆောင်ရွက်လျှက်ရှိသည်။
ပြန်ကြားရေး/ မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း