မကွေး (မေလ ၂၄ ရက်၊ ၂၀၂၀ ခုနှစ်)

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (မကွေးတိုင်းဒေသကြီး ) မှ အလုပ်အမှုဆောင်အဖွဲ့ဝင်များသည် Covid-19 ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ Covid-19 ပိုးတွေ့လူနာ၏ နေရပ်ဖြစ်သော တောင်တွင်းကြီးမြို့နယ်သို့ ငွေကျပ်သုံးသိန်း ထောက်ပံ့လှူဒါန်းခဲ့သည်။

 အခမ်းအနားသို့ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ( မကွေးတိုင်းဒေသကြီး) အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဌ ဦးမောင်မောင်ချမ်းသင်၊ ဒုတိယ ဥက္ကဌ ဦးသက်နိုင်ဝင်း၊ ဘဏ္ဍာရေးမှူး ဦးအောင်ပိုက်နှင့် မကွေးခရိုင် ဒုတိယ ဥက္ကဌ ဦးသက်မွန်လှိုင်တို့မှ ထောက်ပံငွေများ ပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (တောင်တွင်းကြီးမြို့နယ်) ဥက္ကဌ ဦးမင်းလွင်နှင့် အတွင်းရေးမှူး ဦးနိုင်လင်းထွန်းတို့မှ လက်ခံရယူခဲ့သည်။

100626623 2915681628548734 8907571982162198528 n98437444 2915681478548749 4237865851828568064 n

ဆက်လက်၍ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ( မကွေးတိုင်းဒေသကြီး) မှ အလုပ်အမှုဆောင် အဖွဲ့ဝင်များသည် မကွေးမြို့ ပညာရေးကောလိပ်နှင့် အခြေခံကျန်းမာရေးတက္ကသိုလ်တို့တွင် ဖွင့်လှစ်ထားသော Quarantine Center များရှိ အခြေခံကျန်းမာရေးဝန်ထမ်းများအတွက် အထောက်အပံ့ဖြစ်စေရန် Surgical Mask များ၊ N95 Mask များနှင့် Hand Gel ဘူးများ စသည့် ငွေကျပ် နှစ်သိန်းတန်ဖိုးရှိ ကာကွယ်ရေးသုံး ပစ္စည်းများကို မကွေးမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ဥမ္မာအေးထံသို့ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ပြန်ကြားရေး/ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း