ကျောက်ပန်းတောင်း (ဇွန်လ ၂၁ရက်၊ ၂၀၂၀ ခုနှစ်)

ကျောက်ပန်းတောင်းမြို့နယ် ၊ ပညာရေးဌာနမှ ပြုလုပ်သော သင်ရိုးသစ် G4 သင်တန်းကို တက်ရောက်နေကြသော မူလတန်းပြ ဆရာ/ဆရာမ ကြီးများအား Covid-19 ရောဂါအကြောင်း အသိပညာပေးဟောပြောခြင်းကို ကျောက်ပန်းတောင်းမြို့နယ်ရှိ သာသနာ့ဗိမာန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

104262964 2988256131291283 7612848963674920414 nဟောပြောပွဲတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း( မန္တလေးတိုင်းဒေသကြီး) ဥက္ကဌ ဦးလှဟန်က Covid-19 ရောဂါမကူးစက်အောင် ကာကွယ်မှုဆိုင်ရာ နည်းလမ်းများအကြောင်း အစရှိသည်တို့ကို ဟောပြောခဲ့သည်။


အဆိုပါ ပညာပေးဟောပြောပွဲကို မူလတန်းပြ ဆရာ/ဆရာမများ၊မူလတန်းကျောင်းအုပ်ဆရာ / ဆရာမကြီးများ စုစုပေါင်း (၄၉၀) ဦးအား နှစ်သုတ်ခွဲ၍ ပြုလုပ်ခဲ့သည်။

ပြန်ကြားရေး /မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း

MHAA Image Gallery

  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA
  • Myanmar Health Assistant Association © MHAA