ရန်ကုန် (ဇွန်လ ၂၉ရက် ၊ ၂၀၂၀ ခုနှစ်)

နေပြည်တော်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း၏ နိုင်ငံတစ်ဝန်း ကာကွယ်ဆေးလွှမ်းခြုံ စစ်တမ်းကောက်ယူမှုစီမံချက်(National Vaccination Evaluation Survey)အတွက် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ ခန့်အပ်မည့် စာရင်းကောက်ဝန်ထမ်းများနှင့် အစည်းအဝေးအား ဇွန်လ (၂၉)ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

Covid-19 ကြောင့် စီမံချက်လုပ်ဆောင်မှုများ ရပ်တန့်ထားရမှုအပေါ်တွေ့ကြုံနေရသည့်အခက်အခဲများအား မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း(ဗဟို) ဥက္ကဌ ဦးမြသွင်မှ အစည်းအဝေးတွင် ရှင်းလင်းပြောကြားခဲ့သည်။

A20 504
ဥက္ကဌမှ ပြောကြားရာတွင် မြနမာနိုင်ငံကျန်းမာရေးမှူးအသင်းအနေဖြင့် ပြည်သူ့ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာရေးအတွက် နိုင်ငံတစ်ဝန်းကာကွယ်ဆေးလွှမ်းခြုံ စစ်တမ်းကောက်ယူမှုကို ဆောင်ရွက်ခြင်း ဖြစ်ပြီး စစ်တမ်းကောက်ယူမှုတွင် Covid-19 ကပ်ရောဂါနှင့် တခြား အခြေအနေများကြောင့် အခက်အခဲများရှိသော်လည်း ပြီးဆုံးအောင်မြင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုနောက် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) အတွင်းရေးမှူး ဦးဇော်နိုင်မှ စာရင်းကောက်ဝန်ထမ်းများအနေဖြင့် နားလည်မှုလွဲနေသည်များကို ဆွေးနွေးဖြေကြားပေးခဲ့သည်။
'' ဒီစီမံချက်ဟာ အသင်းကြီးအတွက်လည်း အကျိုးရှိသလို စီမံချက်ကို ပြီးဆုံးအောင်လုပ်သွားမယ့် စာရင်းကောက်ဝန်ထမ်းတွေအတွက်လည်း အများကြီး အကျိုးရှိပါတယ်။ ဒါကြောင့် စီမံချက်ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်ဖို့ လိုပါတယ်'' ဟု အတွင်းရေးမှူး ဦးဇော်နိုင်က ဆိုသည်။

ဆက်လက်၍ နိုင်ငံတစ်ဝန်း ကာကွယ်ဆေးလွှမ်းခြုံ ကွင်းဆင်း စစ်တမ်းကောက်ယူမှုစီမံချက်မှ coordinator ဦးဝင်းဌေး မှ စီမံချက်အတွင်း ကြုံတွေ့နေရသည့် အခက်အခဲများအား ဆွေးနွေးပြောဆိုခဲ့သည်။

A20 505
Coronavirus Disease 2019 (COVID-19) ရောဂါပိုး ကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်ပါသဖြင့် ပြည်ထောင်စု အဆင့်အဖွဲ့အစည်းများ၊ပြည်ထောင်စု ဝန်ကြီးဌာနများမှ Coronavirus Disease 2019( COVID-19) ကာကွယ် ထိန်းချုပ် တားဆီးရေး အတွက် ၂၀၂၀ ပြည့်နှစ် ဇွန်လ ၃၀ ရက်နေ့အထိ ထုတ်ပြန်ထားသော ပြည်သူသို့ပန်ကြားချက် ၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ညွှန်ကြားချက်များ (ဖြေလျော့/တိုးမြှင့်ရန် လိုအပ်သည့် ကိစ္စရပ်များမပါ) အား ၂၀၂၀ ပြည့်နှစ် ၊ဇူလိုင်လ ၁၅ ရက်နေ့အထိ ရက်တိုးမြှင့် သတ်မှတ်ထားပါသည်။

A20 512
ထိုကြောင့် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း၏ နိုင်ငံတစ်ဝန်း ကာကွယ်ဆေးလွှမ်းခြုံမှု စစ်တမ်းကောက်ယူရေး စီမံချက်အား ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် Coronavirus Disease 2019 ( COVID-19) ကာကွယ်ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ မှ အသိပေးချက်များအား လိုက်နာ၍ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း Team Coordinator ဦးဝင်းဌေးက ဆိုခဲ့သည်။

ကွင်းဆင်း၍ စစ်တမ်းကောက်ယူခြင်း စီမံချက်အတွက် စစ်တမ်းကောက်ယူမည့်သူ (၅၈) ဦး၊ ကြီးကြပ်သူ (၃၂) ဦး၊ စုစုပေါင်း (၉၀) ဦးတို့အပြင် အဆိုပါ စစ်တမ်းကောက်ယူခြင်းနှင့် စပ်လျဉ်း၍ ဆက်သွယ်ဆောင်ရွက်ရန်နှင့် ညွှန်ကြားကြီးကြပ်ရန်အတွက် Team Coordinator နှစ်ဦးတို့ကို မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ ခန့်အပ်ခဲ့သည်။

ပြန်ကြားရေး /မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း

MHAA Image Gallery

  • Myanmar Health Assistant Association © MHAA