မြစ်သား (ဇူလိုင်လ ၅ရက်၊ ၂၀၂၀ ခုနှစ်)

မန္တလေးတိုင်းဒေသ‌ကြီး မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း အဆောက်အဦဖြစ်မြောက်ရေးအတွက် မြေနေရာဝယ်ယူနိုင်ရန်အလှူငွေထည့်ဝင် လှူဒါန်းပွဲကို ဇူလိုင်လ ၅ရက်နေ့ နံနက်ပိုင်းက မြစ်သားမြို့နယ် ရေဝန်းကျန်းမာရေးဌာနတွင် ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း
ဥက္ကဌနှင့် ခရိုင်အသင်းဥက္ကဌများ၊အလှူရှင်များ ၊ ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

ရှေးဉီးစွာမြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း(မန္တလေးတိုင်းဒေသကြီး) ဥက္ကဌဦးလှဟန်က အဖွင့်အမှာစကားပြောကြားရာတွင် အသင်းတိုက်ထားရှိရန် မြေနေရာဝယ်ယူနိုင်ရေးအတွက် အသင်းအဖွဲ့ဝင်များပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်းတို့ကိုပြောကြားပြီး အလှူရှင်များမှ လှူဒါန်းရခြင်းအကြောင်းကို ပြောကြားသည်။

106250040 3025701700880059 7653038782203084739 n

ထိုနောက် အလှူရှင်များဖြစ်သည့် စဉ့်ကိုင်မြို့နယ် ၊ပုလိပ်မြို့နေ ဆရာဦးချစ်သောင်း (ကျန်းမာရေးမှူး ငြိမ်း) မိသားစုမှ တတိယအကြိမ် အလှူတော်ငွေကျပ် (ရှစ်သိန်း) နှင့် မြစ်သားမြို့နယ် ၊ ရေဝန်းကျေးရွာနေ ဆရာဦးအေးမြင့် (ကျန်းမာရေးမှူးငြိမ်း) + ဆရာမ ဒေါ်ခင်ဦး မိသားစုမှ ငွေကျပ် ( တစ်သိန်း) တို့ကို အသီးသီး လှူဒါန်းကြရာ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ( မန္တလေးတိုင်းဒေသကြီး) ဥက္ကဌ ဦးလှဟန်က လက်ခံရရှိပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။

ပြန်ကြားရေး/မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း