နေပြည်တော် (ဇူလိုင်လ ၁၃ရက်နေ့၊ ၂၀၂၀ ခုနှစ်)

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းတို့ ပူးပေါင်း၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း၏ နိုင်ငံတစ်ဝန်း ကာကွယ်ဆေးလွှမ်းခြုံ စစ်တမ်းကောက်ယူမှု စီမံချက် ( National Vaccination Evaluation Survey ) သက်တမ်းတိုး လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ဇူလိုင်လ (၁၃) ရက်နေ့တွင် နေပြည်တော်ရှိ Hotel Max တွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး(EPI) ဒေါက်တာ ထားထားလင်း၊ ဒုညွှန်ကြားရေးမှူး(EPI) ဒေါက်တာ အောင်နိုင်ဦး၊ လက်ထောက်ညွှန်ကြားရေးမှူး (EPI) ဒေါက်တာအေးမြချမ်းသာ တို့နှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ ဥက္ကဌ ဦးမြသွင် ၊ အတွင်းရေးမှူး ဦးဇော်နိုင်၊ Central Finance Manager စောအက်တူ ၊ Finance Officer ဒေါ်စုမွန် တို့တက်ရောက်ခဲ့ကြသည်။

107592803 3045002502283312 7159859823517822256 n

နိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လွှမ်းခြုံမှု စစ်တမ်း(Nationwide Vaccine Coverage Evaluation Survey) ကို မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ ဆောင်ရွက်လျက်ရှိပြီး စစ်တမ်းကောက်ယူမည့်သူများ၊ ကြီးကြပ်သူများအပြင် အဆိုပါ စစ်တမ်းကောက်ယူခြင်းနှင့် စပ်လျဉ်း၍ ဆက်သွယ်ဆောင်ရွက်ရန်နှင့် ညွှန်ကြားကြီးကြပ်ရန် အတွက် Team Coordinator တို့ကို မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ ခန့်အပ်ခဲ့သည်။

 

ပြန်ကြားရေး/မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း